ဘေဂျင်း၊ ဇန်နဝါရီ ၁၁
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရာရှယ် ရိ့ဖ် စနေနေ့ (ဇန်နဝါရီ ၁၁ ရက်)က တရုတ်နိုင်ငံကို အလည်အပတ် လာရောက်ခဲ့ပြီး ကမ္ဘာ့နံပါတ်နှစ်စီးပွားရေးနိုင်ငံတရုတ်နဲ့ ဆွေးနွေးမှု ပြန်အသက်သွင်းဖို့ ကြိုးပမ်း နေသလားလို့ မေးခွန်းတွေလည်း ထွက်နေတယ်လို့ သိရပါတယ်။
အဓိပတိဘဏ္ဍာရေးမှူး” Exchequer of the Chancellor” ဆိုတဲ့ ရာထူးကို တရားဝင်ရထားတဲ့ ရိဖ်ဟာ လွန်ခဲ့တဲ့ ခုနစ်နှစ်က သမ္မတ ရှီနဲ့ ၀န်ကြီးချုပ် ထရီဇာမေ တရုတ်နိုင်ငံမှာ တွေ့အပြီး ပထမဆုံးရောက်လာတဲ့ အကြီးတန်း အစိုးရအရာရှိ တစ်ဦးလည်း ဖြစ်ပါတယ်။
ယူကေအစိုးရငွေချေးစာချုပ်တွေ အခုသီတင်းပတ်မှာ အများဆုံး ထွက်လာတဲ့ ကိစ္စကလည်း ဗြိတိန်အတွက် ခေါင်းခဲစရာ ဖြစ်နေချိန်ပါ။ ဒီအကြောင်းတွေကြောင့်ပဲ အာဏာရ လေဘာပါတီရဲ့ လက်ထက် ရိ့ဖ်ရဲ့ ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလို စာချုပ်တွေ တိုးလာတာကအစိုးရအတွက် လက်ရှိလုပ်ငန်းဆောင်တာတွေကို ထိခိုက်စေသလို ငွေကြေးနဲ့ အကြွေးပြန်ဆပ်ရာမှာ ပိုပြီးကုန်ကျစေကာ အသုံးစရိတ်ဖြတ်တောက်ခြင်း ဒါမှမဟုတ် အခွန်တိုးမြှင့်ခြင်း စတဲ့ အန္တရာယ်တွေ တိုးလာ နိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပြုတယ်လို့ သိရပါတယ်။
Ref:BBC
ပုံစာ။ ဝန်ကြီး ရိ့ဖ် တရုတ်ဒုသမ္မတနဲ့ တွေ့ဆုံနေစဥ်
Feature Image Credit: AFP/Florence Lo



