
photo credit: Justin Tallis/AFP/Getty Images
ဘက်ကင်ဟမ် ၊ နိုဝင်ဘာလ ၂၃
ချားလ်စ် မင်းသား ဗြိတိန်ဘုရင် ဖြစ်လာပြီး ဘက်ကင်ဟမ်နန်းတော်ကို ပထမဆုံး လာရောက်တဲ့ တောင်အာဖရိက သမ္မတ ဆီရန် ရာမာဖိုဆာရဲ့ ခရီးစဉ်ကို အင်္ဂါနေ့က လက်ခံကြိုဆိုခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန်ဟာ အာဖရိက က သူ့ရဲ့ အကြီးဆုံးကုန်သွယ်ဖက်နဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေတာလို့ အသက် ၇၄ နှစ် အရွယ်ရှိနေတဲ့ ချားလ်စ်က ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။
ရာမာဖိုဆာနဲ့ သူရဲ့ ဇနီး တို့ကို ချားလ်စ် ရဲ့ အကြီးဆုံးသားဖြစ်တဲ့ အမွေဆက်ခံသူ မင်းသားဝီလျံနဲ့ သူ့ရဲ့ ကြင်ယာတော် ကိတ်တို့ဟာ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတစ်ဦး က ဖခင်ဖြစ်သူ ချားလ်စ်ဘုရင် လက်ထက် ဗြိတိန်ကို ပထမဆုံးနိုင်ငံတော် ခရီးစဉ် အဖြစ် လာရောက်ခဲ့တာကို ဖခင်ကိုယ်စား ခရီးဦး ကြို ခဲ့ကြပါတယ်။
ရာမာဖိုဆာ ဟာ လန်ဒန်ရဲ့ အထွတ်အထိပ် ဝက်မင်စ်တာ အာဘေး ကိုလည်း သွားရောက်လည်ပတ်မှာဖြစ်သလို အမည်မသိစစ်သည်တော်တွေရဲ့ ဂူဗိမာန်မှာ လွမ်းသူ့ပန်းခွေချမှာ ဖြစ်ပြီး တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားရဲ့ အောက်မေ့ဖွယ်ကျောက်တုံးကိုလည်း သွားရောက် လည်ပတ်ကြည့်ရှုဖို့ စီစဥ်ထားတယ် လို့သိရပါတယ်။
ဒီနောက်တော့ ဗြိတိန်ပါလီမန်မှာ လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောကြားပြီး ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီ ဆူးနက် နဲ့လည်း တွေ့ဆုံ ဦးမှာ လို့ သိရပါတယ်။
တောင်အာဖရိကခေါင်းဆောင်တစ်ဦးရဲ့ ဗြိတိန် ကိုနောက်ဆုံးနိုင်ငံတော် ခရီးစဥ် အဖြစ် ၂၀၁၀ ခုနှစ်သမ္မတ ဂျက် ကော့ ဇူးမားရဲ့ ခရီးစဉ်အစမှာ ချားလ်စ်မင်းသားနဲ့ ကမ်မီလာတို့ကို တွေ့ဆုံခဲ့ဖူးတယ်လို့သိရပါတယ်။
Ref:CNN