ဆနား၊ ဇန်နဝါရီ ၂၇
ယီမင်နိုင်ငံမှာ အခြေစိုက်နေတဲ့ ဟူသီသူပုန်အဖွဲက အေဒင်ပင်လယ်ကွေ့မှာ ဗြိတိန်ရေနံတင်သင်္ဘောကို ဇန်နဝါရီ ၂၆ ရက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ထားတဲ့ အဲ့ဒီ ဟူသီသူပုန်တွေရဲ့ နိုင်ငံတကာ သင်္ဘောတွေကို တိုက်ခိုက်တဲ့ တိုက်ခိုက်မှုဟာ ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲကာလမှာ ဟူသီသူပုန်အဖွဲဟာဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေကို ထောက်ခံအား ပေးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ မကြာခင်ကလည်း ဟူသီတွေ ပစ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို အမေရိကန်စစ်သင်္ဘောတစ်စင်းက ကြာဖြတ်ပစ်ချခဲ့ရပါသေးတယ်။
အဓိကကျတဲ့ ပင်လယ်နီ ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းကို ဖြတ်သွားတဲ့ သင်္ဘောတွေကို ဟူသီတွေက ပစ်မှတ်ထားတိုက်ခိုက်တာကို လျှော့ချဖို့အတွက် အမေရိကန်နဲ့ ဗြိတိန်တပ်ဖွဲ့တွေက ပူးတွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
ဝါရှင်တန် ဘက်က တစ်ဖက်သတ်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေလည်း တိုက်ခိုက်မှုတွေကို ဆက်လုပ်နေဦးမှာလို့ ဟူသီ တွေက ပြောဆိုလိုက်ပါတယ်။
ဗြိတိန်ရေနံတင်သင်္ဘော Marlin Luanda ကို ဒုံးကျည်ထိမှန်ခဲ့တယ်ဆိုတာကိုလည်း စစ်ဘက်အဖွဲ့တွေ က အတည်ပြုထားပြီး ဖြစ်ပါတယ်။
“တိုက်ခိုက်မှုက တိုက်ရိုက်ဖြစ်ပြီး သင်္ဘောမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်” လို့ ယီမင်စစ်ဘက်အရာရှိတစ်ယောက်က ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ နေရာက ယီမင်နိုင်ငံ အေဒင်ဆိပ်ကမ်း အရှေ့တောင်ဘက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ ပင်လယ်နီထဲက အမေရိကန် ရေတပ်စစ်ရေယဉ်တစ်စင်း
Feature Image Credit: AFP



