ဗြိတိန်ဘုရင် ချားလ်စ် ကင်ဆာရောဂါ ခံစားနေရကြောင်း အတည်ပြု့

ပြည်သူ့တာဝန်တွေကနေ အနားယူတော့မယ်လို့ နန်းတော်ကဆို

လန်ဒန်၊ ဖေဖါ်ဝါရီ ၉

ဗြိတိန်နန်တွင်းက လာတဲ့ သတင်းစကားတွေအရ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ရက်နေ့ကတည်းက ချားလ်စ်ဘုရင်မှာ ကင်ဆာရော ဂါ ဖြစ်နေတာ ဆေးစစ်ချက်တွေ အရ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်လို့ ဘတ်ကင်ဟမ်နန်းတော်က ပြည်သူကို တရားဝင် ကြေငြာလိုက်ပါတယ်။

တတိယမြောက် ချားလ်စ်ဘုရင်ကြီးဟာ ကင်ဆာရောဂါကို ကုသနေတဲ့ ကာလတွေမှာလူမြင်ကွင်းကို သွားလာရမယ့် ပြည့်သူတာဝန်တွေကနေ အနားယူဖို့ စီစဥ်နေတဲ့ အကြောင်းကိုလည်း နန်းတော်က သတင်းထုတ်ပြန်ပါတယ်။

အသက် ၇၅ နှစ်ရှိ ပြီ ဖြစ်တဲ့ တတိယမြောင် ချားလ်စ် ဘုရင်ဟာ ပြီးခဲ့ ဇန်နဝါရီမှာ ဆီးကျိတ်ကြီးတဲ့ ရောဂါအတွက် လန်ဒန် ဆေးရုံကြီးမှာ ပုံမှန်ကုသမှုတွေ ခံယူနေခဲ့တာ ဖြစ်ပြီး   ဒီနေ့မှာတော့ ဘုရင်ကြီး ဝေဒနာဟာ ကင်ဆာဆိုတာ ဆေးစစ်ချက်တွေက အထည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး ကင်ဆာပုံစံကို အဖြေထုတ်ခဲ့ကြပါတယ်။ ကင်ဆာ ရောဂါ မှန်ပေမယ့်လည်း ဆီးကျိတ်ကင်ဆာ လက္ခဏာမျိုး မဟုတ်ဘူးလို့လည်း   တော်ဝင်သတင်းရင်းမြစ်တစ်ခုက CNN ကို ပြောခဲ့လို့ သိရပါတယ်။

“ဒီကာလတစ်လျှောက်လုံး ဘုရင်မင်းမြတ်ဟာ နိုင်ငံတော်ရဲ့ စီးပွားရေးကို ဆက်လက်ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း တရားဝင်စာရွက်စာတမ်း ကိစ္စတွေလည်း ပါတာပေါ့” လို့ နန်တွင်း သတင်ရင်းမြစ်က တစ်ဆင့် သိရပါတယ်။

Ref: CNN

ပုံစာ။  ဆေးရုံကနေ ‌ ဆေးစစ်ပြီး ပြန်လာကြတဲ့ တတိယမြောက် ချာလ်စ် ဘုရင်ကြီးနဲ့ ကြင်ယာတော် ကမ်မီလာ ကို  တွေ့ရစဥ်

Feature Image Credit:  Alberto Pezzali/AP

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *