အသက်(၅၃)နှစ်အရွယ် ဗြိတိန်ကာ ကွယ်ရေးဝန်ကြီးဘင်ဝေါလေ့စ် နှုတ် ထွက်တော့မယ်လို့ ဇူလိုင် ၁၅ရက်မှာ ဆန်းဒေးတိုင်းမ်သတင်းစာကို အတည် ပြုပြောကြားတယ်။
လွန်ခဲ့တဲ့ ဇွန်(၁၆)ရက်မှာ ဝန်ကြီးချုပ် ရိရှိဆူနတ်ကို သူနှုတ်ထွက်တော့မယ် ဆိုတဲ့အကြောင်း ပြောခဲ့ပြီးဖြစ်တယ်။ အခု ဗြိတိန်ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာ ချိန်မှာ အများသိအောင် ဘင်ဝေါလေ့စ် က မီဒီယာကိုထုတ်ဖော်ပြောကြားလိုက် တာဖြစ်တယ်။ ဝန်ကြီးချုပ်ရိရှိဆူနတ် အနေနဲ့ သူ့နေရာမှာ အစားထိုးခန့်အပ် ရမယ့်လူကို ရွေးထားရပါတော့မယ်။
ဘင်ဝေါလေ့စ်ဟာ စကော့တလန်စစ် တပ်မှာ အရာရှိအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၉၉ခုနှစ် ရောက်မှ စ ကော့ပါလီမန်ထဲ ဝင်ရောက်လာခဲ့တယ်။ နိုင်ငံရေးထဲကို ကျွန်တော်ဝင်ရောက်ခဲ့ တာ ၂၄နှစ်ကြာပါပြီ။ တယ်လီဖုန်း သုံး လုံးကို အိပ်ရာဘေးမှာထားပြီး ခုနစ်နှစ် ကြာအောင်လည်း အလုပ်လုပ်ခဲ့ပြီးပါပြီလို့ သူက ဆန်းဒေးတိုင်းမ်သတင်းစာကိုထုတ်ဖော်ပြောကြားတယ်။
စစ်ရေးအတွေ့အကြုံရှိတဲ့ဘင်ဝေါလေ့စ် ဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဗြိတိ သျှအစိုး ရဖက်က စစ်လက်နက်တွေ ထောက်ပံ့တာကို အားပေးတဲ့အပြင် အ ဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက် ပေးနိုင်ခဲ့တယ်လို့ဆိုတယ်။
Ref:BBC