လူငယ်ဗေဒင်ဆရာတစ်ဦးဖြစ်သူ လင်းညှိတာရာကို ဖမ်းဆီးထားသည့်အကြောင်း နိုင်ငံပိုင်သတင်းစာမှတဆင့် ကြေညာထားသည်ကိုတွေ့ရသည်။
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ထောင်ကျကာ ပြန်လွှတ်လာသည့် လင်းညှိတာရာကို ပြီးခဲ့သည့် လပိုင်းက ဖမ်းဝရမ်းထုတ်ဆင့်ပြီး ယခုထပ်ဖမ်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ကြေညာမှုထဲ ၂၀၂၃ ဇူလိုင်လ ၁၅ရက်နေ့က ဖမ်းဆီးလိုက်သည်ဟုသိရသည်။
