မနီလာ၊ အောက်တိုဘာ ၆
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာရှိတဲ့ ခရီးသွားတွေ လည်ပတ်ရာနေရာတွေအပါအဝင် နေရာအတော်များများမှာ ဗုံးတွေ ပေါက် ကွဲနိုင်တယ် ဆိုတဲ့ အမည်မဖော်ထားတဲ့ သတိပေးချက်ကြောင့် ဖိလစ်ပိုင်က လေဆိပ်အားလုံးကို လုံခြုံရေးတိုးမြှင့်သတိပေးထားတဲ့အကြောင်း အရပ်ဘက်လေကြောင်း အာဏာပိုင်တွေက အောက်တိုဘာ ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတစ်ဝှမ်းက အရပ်ဘက်လေဆိပ်ပေါင်း ၄၂ ခုမှာ ချက်ခြင်းဆိုသလို အဆင့်မြှင့် လုံခြုံရေးအစီအမံတွေကို အကောင် အထည်ဖော်လုပ်ဆောင်ရွက်နေတဲ့အကြောင်း ဖိလစ်ပိုင်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAP) က မီဒီယာတွေကို ပြောဆိုခဲ့သလို ဗုံး သတိပေးချက်တွေကိုလည်း စိစစ်နေတဲ့အကြောင်း ထည့်သွင်းပြောဆို ခဲ့တယ်လို့ သိရပါတယ်။
မနီလာမြို့တော်ကနေ နာမည်ကြီးတဲ့ ခရီးသွားနေရာတွေဖြစ်တဲ့ ဒါဗာအို၊ဘီကိုးလ်းနဲ့ စီဘူး ဒေသတွေကို ပျံသန်းမယ့် လေယာဥ်ခရီးစဥ်တွေကိုလည်း အန္တရာယ် သတိပေးချက်တွေ ပေးပို့ ထားတယ်လို့ဆိုပါတယ်။
လေကြောင်း အာဏာပိုင်တွေဟာ ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့ ၊လေကြောင်း လုံခြုံရေး အဖွဲ့ ၊ စစ်တပ်တို့ ပူးပေါင်းပြီးထောက်လှမ်းရေး နဲ့ စောင့်ကြည့်ရေး လုပ်ငန်းတွေ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ တာဝန်ရှိသူ တွေက သတင်းပေးထားကြောင်းလည်း သိရပါတယ်။
Ref: Reuters/rc
ပုံစာ။ မနီလာလေဆိပ်ကို တွေ့ရပုံ
Feature Image Credit : Reuters