ဘန်ကောက်၊ ဇူလိုင် ၂၇
ဗုံးခြိမ်းခြောက်မှုလုပ်ခဲ့တယ်ဆိုတဲ့ တရုတ်လူငယ် ရှောင်ဖန်း အပါအဝင် သူမိခင်နဲ့ အသက်၁၆နှစ်အရွယ် သူ့ညီမလေး တစ် ယောက်ပါ ထိုင်းနိုင်ငံမှာ ယာယီထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ တရုတ်နိုင်ငံကို ပြန်ပို့မယ် ဆို တဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်နေပြန်ပါတယ်။
အထိန်းသိမ်းခံထားရတဲ့ လူငယ်ရဲ့ ဖခင် ဖြစ်တဲ့ ရှောင်ဂျီက တရုတ်အစိုးရအတိုက်သမားတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ သုံး နှစ်ကတည်းက နယ်သာလန်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ၂၀၂၃ ဇူလိုင်၃ရက်မှာ ရောက်လာတဲ့ ရှောင်ဖန်းနဲ့ သူမအမေ၊သူညီမငယ်တို့ကိုပါ ထိန်းသိမ်းထားလိုက်သလို ဥရော ပဆီ ခရီးဆက်ခွင့် ကိုပါ ပိတ်ပင် တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
ရှောင်ဖန်းဟာဟာ ဘန်ကောက်က တရုတ်သံရုံးအပါအဝင်၊ဘန်ကောက်ကဇိမ်ခံ ဟိုတယ်တချို့ကိုပါ ဗုံးခြိမ်းခြောက်မှု လုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုလို ထိန်းသိမ်းလိုက်တာပါ။ နောက်ဆက်တွဲ အနေနဲ့ သူတို့ ဖခင်ရှိရာ နယ်သာလန်နိုင်ငံကိုပါ ခရီး ဆက်ဖို့ တားမြစ်ခံလိုက်ရတာပါ။
ဆိုခဲ့တဲ့ ဖြစ်စဥ်ဟာ တရုတ်အစိုးရက တရုတ်အစိုးရအတိုက်အခံတွေ ကိုသာမက သူတို့မိသားစုတွေကိုပါ နှောက်ယှက်ဖို့ အကွက် ချထားတဲ့ ဖြစ်ရပ်လို့လည်း သတင်းမီဒီယာတွေက ဖော်ပြပါတယ်။
Ref:AP
Photo Credit;AP