ဗုဒ္ဓဝင်စားတဲသူလို့ နာမည်အရမ်းကြီးနေတဲ ဘန်းဂျွန် ဆိုသူကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမှုနဲ့ နီပေါတရားရုံးက  ထောင်ဒဏ် ၁၀ နှစ် ချမှတ်

၂၀၂၄ ဇန်နဝါရီက ဘန်းဂျွန်ကို ရုံးထုတ်လာပုံ
Photo: Sanjit Pariyar/NurPhoto/Getty Images

ခတ္တမန္ဒူ၊ ဇူလိုင် ၂

နီပေါနိုင်ငံက ဗုဒ္ဓ၀င်ဝင်စားတဲ့သူဆိုပြီး လူထောင်ပေါင်းများစွာက ယုံကြည်ကိုးကွယ်နေတဲ့ ဘန်းဂျွန်ဆိုသူကို တနင်္လာနေ့ (ဇူလိုင် ၁ရက်)နေ့က လိင်ပိုင်းဆိုင်ရာမတော်တရားပြုမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တဲ့အ ကြောင်း တရားရုံးတာဝန်ရှိသူတစ်ယောက်က ပြေဆိုလိုက်ပါတယ်။

ဆယ်ကျော်သက်အရွယ် ၂၀၀၅ခုနှစ်မှာ နီပေါနိုင်ငံအရှေ့တောင်ပိုင်း သစ်တောထူထပ်တဲ့ တောထဲက သစ်ပင်ကြီး တစ်ပင်အောက်မှာ  ၁၀ လနီးပါးကြာ တင်ပျဉ်ခွေထိုင်ပြီး တရားကျင့်မှတ်နေတဲ့ ဘန်းဂျွန်ကို ဒေသခံတွေက မြင်သွားရာကနေ သတင်းတွေ ပြန့်သွားပြီးလူတွေက တစ်ဖွဲဖွဲ တောထဲအထိရောက်လာပြီး လာကြည့်ရာကနေ  “ဗုဒ္ဓကောင်လေး” ဆိုပြီး ပြည်တွင်းကရော၊ ပြည်ပက ဗုဒ္ဓဘာသာဝင်တွေကြားမှာ စပြီး နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။

အခုတော့ နီပေါနိုင်ငံတောင်ပိုင်း ဆာလာဟီခရိုင်တရားရုံးရဲ့  တရားသူကြီးရဲ့ အမိန့်အရ ဘန်းဂျွန် ၃၃နှစ်က တစ်ဘက်က နစ်နာသူကို နစ်နာကြေးဒေါ်လာ ၃၇၅၀ ပေးဆောင်ဖို့အပါအဝင် ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဘန်းဂျွန်းကို ၂၀၂၄ ဇန်နဝါရီလက ခတ္တမန္ဒူမြို့ပြင်မှာရှိတဲ့ အိမ်တစ်အိမ်မှာ  ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူကို ယုံကြည်တဲ့ သူတွေရဲ့ ပြောစကားအရ ဘန်းဂျွန်ဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်က နီပေါနိုင်ငံမှာ မွေးခဲ့တဲ့ သိဒ္ဓတ္ထဂေါတမ ဝင်စားတဲ့လူ လို့  ပြောလေရှိသလို“ဉာဏ်အလင်းရသူ” ဆိုပြီးလည်း နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။

အမှုအသွားအလာကို အသေးစိတ် မသိရပေမယ့်  ဘန်းဂျွန်းရဲ့ ရှေ့နေကတော့ အယူခံဝင်သွားမယ်လို့ ရိုက်တာကို ပြောဆိုတဲ့အကြောင်း သိရပါတယ်။

Ref: Reuters

ပုံစာ။ ငယ်စဉ်က တွေ့ရတဲ့ ဘန်းဂျွန်

Feature Image credit: Time

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *