ဗီယက်နမ်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၀၀ နီးပါးအထိရှိလာရှိလာ ဟနွိုင်းမြိုလည်း  ရေလွှမ်းနေဆဲဖြစ်

ဟနွိုင်း၊ စက်တင်ဘာ ၁၂

ဗီယက်နမ် နိုင်ငံကို တိုက်ဖွန်းမုန်တိုင်း ဝင်တိုက်ခဲ့လို မြောက်ပိုင်းဒေသမှာ ရေကြီး၊ မြေပြို စတာတွေ ဆက်ဖြစ်နေပြီး လာမယ့်  ၂၄ နာရီအတွင်း မြစ်နီမြစ်ရဲ့  ရေမျက်နှာပြင်ပြောင်းလဲမှုလည်းရှိလာလိမ့်မယ်လို့  မိုးလေဝသအေဂျင်စီက စက်တင်ဘာ ၁၂ ရက် (စက်တင်ဘာ ၁၂ ရက်)မှာ  ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။

ဗီယက်နမ်ကို စက်တင်ဘာ၇ရက် စနေနေ့မှာ  ကုန်းတွင်းပိုင်းကနေ ဝင်ခဲ့တဲ့ ယာဂီတိုက်ဖွန်းဟာ အာရှတိုက်ကို ဝင်ခဲ့တဲ့ မုန်တိုင်းတွေထဲ အပြင်းထန်ဆုံးတစ်ခု ဖြစ်ခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးကတည်းက အနည်းဆုံး လူ ၁၉၇ ယောက် သေဆုံးပြီး ၁၂၈ယောက်အထိ ပျောက်ဆုံး နေဆဲ လို့ အစိုးရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။ လူ ၈၀၀လောက်လည်း ဒဏ်ရာ ရထား တယ်လို့ ဆိုပါတယ်။

တိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်ရဲ့ ပို့ကုန်လုပ်ငန်းမှာ အချက်အချာကျတဲ့  စက်ရုံတွေဟာ ရက်သတ္တပတ်များစွာ အနှောင့်အယှက်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဦးမယ် လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

စင်္ကာပူနိုင်ငံကတော့ လူသေဆုံးမှုတွေ အတွက်   ဝမ်းနည်းကြောင်း ပေးပို့ထားတယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာ။ နိုင်ငံမြောက်ပိုင်းမှာ ရေလွှမ်းနေပုံ

Feature Image Credit: thesun.my

Visited 73 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *