အရေးပေါ်လှေကားမရှိလို အသေအပျောက်များရတာလို့ တာဝန်ရှိသူတွေပြော

Photo Credit: AFP
ဟနွိုင်း၊ ဟစက်တင်ဘာ ၁၃
ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းက တိုက်ခန်းတစ်ခုမှာ မီးလောင်ခဲ့ရာက လူဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ မျက်မြင် သက် သေ တွေက စက်တင်ဘာ ၁၃ ရက် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ကြပါတယ်။
မီးက အင်္ဂါနေ့ ညသန်းခေါင်ယံ မတိုင်ခင်မှာ ၁၀ ထပ် အဆောက်အအုံရဲ့ ကားပါကင် ကြမ်းပြင်မှာ စလောင်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မီးလောင်နေတဲ့ အချိန် အခန်းတွေထဲမှာ အော်ဟစ်နေကြပြီး ကလေး ငယ် တစ်ယောက်ကို အဆောက်အအုံပေါ်က ပစ်ချလိုက်တာလည်း မြင်ခဲ့ရတယ်လို့ ပြန်ပြောပါတယ်။
“အာဏာပိုင်တွေက လူ ၇၀ လောက်ကို ကယ်ဆယ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ သေဆုံးသူတွေ အပါအဝင် လူ ၅၄ ဦးကို ဆေးရုံကို အမြန်ပို့ထားပါတယ်” လို့ ဗီယက်နမ်သတင်းအေဂျင်စီက ပြောပါတယ်။
“ဒါဟာ အလွန်ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှု” ဆိုပြီးလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ရောက်သွားတဲ့ AFP ဓာတ်ပုံဆရာတွေရဲ့ ဓာတ်ပုံတွေမှာတော့ ကန့်သတ် တားမြစ်ထားတဲ့ လသာဆောင်ထဲမှာ မီးတောက်တွေနဲ့ မီးခိုးတွေထွက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်တဲ့ အဆောက်အဦဟာ ဟနွိုင်းအနောက်တောင်ပိုင်းက လူနေရပ်ကွက်တစ်ခုက လမ်းကျဥ်းတစ်ခုမှာ ရှိတယ်လို့ သိရပါတယ်။
လမ်းကြားထဲ့မှာ ရှိနေလို့ အဆောက်အအုံကို ကယ်ဆယ်ရေးသမားတွေ ဝင်ဖို့ အတော် အားထုတ်ခဲ့ရပါတယ်။ မီး’လောင်တဲ့ အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးပေမယ့် စက်တင်ဘာ ၁၃ ဗုဒ္ဓဟူးနေ့ မနက်မှာတော့ မီးငြိမ်းသွားခဲ့ပြီလို့ဆိုပါတယ်။
အဆောက်အဦးဖွဲ့စည်းပုံက သေးငယ်တဲ့လသာဆောင်ပါပြီး တိုက်ခန်းအတွက် ထွက်ပေါက်တစ်ခုတည်းသာရှိပြီး အပြင် ဘက် မှာတော့ အရေးပေါ်လှေကားမရှိဘူးလို့ သိရပါတယ်။
Ref:AFP
ပုံစာအညွှန်း။ မီးသတ်သမားတွေ မီးညှိမ်းသတ်နေကြပုံ
Feature Image Credit: AFP