ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊ (၈) ရပ် ကွက်၊ မဟာဗန္ဓုလလမ်းနဲ့၄၁ လမ်းထိပ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ၃နာရီလောက်က အမျိုးသား၂ဦးကို သေနတ်ပြ ခြိမ်းခြောက်ပြီး လူကိုဖမ်းကာ ကျပ်သိန်း ၁၀၀၀ဓါးပြ တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖမ်းဆီးခံခဲ့ရသူများမှာ လှိုင်မြို့နယ်နေသူ ဦးခင်မောင်ဝင်းနဲ့အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ဖမ်းဆီးခံရသူ၂ဦးဆီကနေ ကျပ်သိန်း၁၀၀၀ကို ဓါးပြတိုက်လုယူသွားပြီး ဒဂုံတောင်မြို့ နယ်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 3 times, 1 visit(s) today



