ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကွန်တိန်နာယာဉ်ရပ်နားဝန်းအတွင်းမှာ ရပ်နားထားတဲ့ Howo Sino Truck (အဝါရောင်)ကွန်တိန်နာယာဉ်(၁)စီးဟာ ဇန်နဝါရီလ ၃ရက်မနက်၄နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီက သိရပါတယ်။



ဘာကြောင့်မီးလောင်တယ်ဆိုတာကို မီးသတ်တပ်ဖွဲ့က သ တင်းထုတ်ပြန်ထားခြင်းမရှိပေမယ့် အင်ဂျင်ပူပြီး ဝါယာရှော့ကြောင့် မီးလောင်တာဖြစ်နိုင်တယ်လို့ မျက်မြင်တွေက သုံးသပ်ကြပါတယ်။တစ်စီးလောင်တယ်လို့ ထုတ်ပြန်ထားပေမယ့် ဘေးကတစီးပါကူးစက်လောင် ကျွမ်းခဲ့တယ်လို့ အနီးနားကသူတွေက ပြောပါတယ်။



မီးလောင်မှုဖြစ်ပွာရာနေရာကို တာမွေမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှင်သန်ရေးလူမှုကူ ညီရေးအ သင်းကရေသယ်ယာဉ်(၁)စီးတို့နဲ့ တစ်နာရီနီးပါးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
Visited 15 times, 1 visit(s) today



