ဗိုလ်တစ်ထောင်မြို့နယ် ဘိုကလေးစျေးအနောက်မှာ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းမကြီး၊ ၆ရပ်ကွက်၊ ဘိုကလေးစျေးအနောက်မှာ နိုဝင် ဘာလ၁၂ရက် မနက်၆နာရီခွဲက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုစတင် ဖြစ်ပွားရတဲ့အကြောင်းအရင်းကို မသိရသေး မီးလောင်မှုကြောင့် အမျိုးသား၈ဦးနဲ့အမျိုး သမီး ၁၀ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ဗိုလ်တစ်ထောင်မြို့နယ်အ တွင်းက မီးသတ်တပ်ဖွဲ့များရဲ့Lv1ယာဥ်အုပ်စုများနဲ့လူမှုရေးအသင်းအဖွဲ့များက ရေသယ်ယာဥ်များ ထွက်ခွာ မီးငြှိမ်းသတ်ပေးခဲ့ရပြီး မီးလောင်မှုမှာ ထိခိုက်ဒဏ် ရာရရှိသူများကို လူမှုရေးအသင်းအဖွဲ့များက လူနာတင်ယာဥ်များနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Photo- Tuntun Oo Duwon
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *