ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တစ်ထောင်မြို့နယ်၊ (၅)ရပ်ကွက်၊ ၅၃ လမ်း၊ အမှတ်(၂၉)မြေညီထပ်ရှိခရီးသွားလာရေးလုပ်ငန်းတစ်ခုမှာ သြဂုတ်လ၈ရက်နေ့ ညနေ၅နာရီခန့်ကကျပ်သိန်း၁၅၀၀ ဓားပြတိုက်သွားတဲ့အဖွဲ့ကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ဖြစ်စဉ်မှာ သြဂုတ်လ၈ရက်နေ့ ညနေ၅နာရီခန့်က ဗိုလ်တစ်ထောင်မြို့နယ်၊ (၅)ရပ် ကွက်၊ ၅၃ လမ်း၊ အမှတ်(၂၉) မြေညီထပ် ရှိ ခရီးသွားလာရေးလုပ်ငန်းတစ်ခုကို အ မည်မသိလူ၃ဦးရောက်ရှိလာပြီး သေနတ် ပစ်ဖောက်ချိန်းခြောက်ပြီး ငွေကျပ်သိန်း ၁၅၀၀ကို လုယူထွက်ပြေးသွားခဲ့တယ်လို့ သ တင်းရရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့မှ ပိတ် ဆို့ရှာဖွေစစ်ဆေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ရာ မရမ်းကုန်းမီးပွိုင့်မှာ လုံခြုံရေးအဖွဲ့ မှစစ်ဆေးရေးလုပ်ငန်းများဆောင်.ရွက်နေချိန် ဓားပြတိုက်လုယက်ယူဆောင်ခဲ့တဲ့ ငွေ ကျပ်သိန်း၁၅၀၀နဲ့အတူ အသက်၂၁နှစ် အရွယ်အမျိုးသားတစ်ဦး၊အသက်၁၆နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့အသက်၂၆နှစ် အရွယ်အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရ မိခဲ့တာလို့ သိရပါတယ်။
Photo– ဗိုလ်တစ်ထောင်မြို့နယ်တွင်း တစ်နေရာ