ဗဟိုဘဏ်က အတိုးနှုန်းမြှင့်လိုက်သဖြင့် နယူးဇီလန် စီးပွါးရေး ရုတ်တရက်ရပ် တန့်သွား

နယူးဇီလန်နိုင်ငံမှာ ဗဟိုဘဏ်က အတိုး နှုန်းမြှင့်လိုက်လို့ အခုစီးပွါးရေး ရုတ်တ ရက်ရပ်တန့်သွားပြီလို့ဆိုပါတယ်။ ၂၀၂၃ ခုနှစ် ပထမသုံးလအတွင်း နိုင်ငံရဲ့ဂျီဒီပီဟာ ဝ.၁ % ကျဆင်းသွားတယ်လို့ အစိုးရက တ ရား ဝင်ထုတ်ပြန်ကြေညာတယ်။

အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ချိန်ညှိလို့ရတဲ့ ရလဒ်အရ ၂၀၂၁ခုနှစ် အောက်တိုဘာ ကစပြီး နယူးဇီလန်ဗဟိုဘဏ်က ၅.၅ % အထိ တိုးမြှင့်ခဲ့တာဖြစ်တယ်။

ကမ္ဘာ့နိုင်ငံအများစုက ဗဟိုဘဏ်တွေဟာ ယူကရိန်းအရေးကြောင့် အမေရိကန်ဒေါ် လာဖောင်းပွလာပြီးတဲ့နောက်မှာ ချေးငွေ တွေအပေါ် ဘဏ်တိုးနှုန်းမြှင့်ရာကနေ ဈေးကွက်တွေ ဖရိုဖရဲဖြစ်ပြီး ကုန်ဈေးနှုန်း တွေလည်းတက်လာတာတွေ့ရတယ်။

နယူးဇီလန်မှာ ဒီလို စီးပွါးရေး ကျုံ့ဝင်မှု ပြသနာ အရင်ဆယ်စုနှစ်တွေမှာ မကြုံ တွေ့ခဲ့ဖူးဘူးလို့ ပြည်တွင်း ဘောဂဗေဒပညာ ရှင်တွေကအတည်ပြုတယ်။

ဒီလို ဘဏ္ဏာရေး စီးပွါးရေး ပြသနာတွေရဲ့ အစဦးဖြစ်တည်ရာက ယူကရိန်းအရေး ဖြစ်တယ်။ ဘယ်နိုင်ငံကြောင့်လဲဆိုရင် ရုရှားကြောင့်ဖြစ်တယ်။ ဘယ်သူ့ကြောင့် လဲဆိုရင် သမ္မတ ဗလာဒီမာပူတင်ကြောင့် ဖြစ်တယ်လို့ အမေရိကန်က ဝါဒဖြန့် သတင်းလွှင့်နေတယ်။

Ref: BBC

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *