ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူရှာ

မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ဗန်းမော်ကျောင်းတိုက်ကြီး၏ပဓာနနာယက၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တ လေးမြို့၊ဗန်းမော်ကျောင်းတိုက်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ(ဗန်းမော်ဆရာတော်)ကြီးဘဝနတ်ထံ ပျံလွန်တော်မူရှာပြီဖြစ်သည်။

သာသနာရေးဦးစီးဌာနကမေလ(၂၅)ရက် ည(၁၁နာရီ၁၁မိနစ်)အချိန်တွင်ဘဝနတ်ထံသို့ပျံလွန်တော်မူရှာကြောင်း ထုတ်ပြန်ထားသည်။

ဆရာတော်ကြီးမှာ ဘဝနတ်ထံပျံလွန်တော်မူချိန်တွင် သက်တော်(၉၄) နှစ်၊သိက္ခာတော်(၇၄)ဝါရှိပြီဖြစ်ပြီဖြစ်သည်၊၊

ဆရာတော်ကြီးဘဝနတ်ထံပျံလွန်တော်မူသည့်အ‌ပေါ်တပည့်၊ဒါယကာများက ဝမ်းနည်းကြေကွဲ ယူကြုံးမရဖြစ်နေကြကြောင်းလူမှုကွန်ရက်စာမျက်နှာများတွင်ရေးသားနေကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *