ဗန်းမော်ကျောင်းတိုက်ကြီးရဲ့ ပဓာနနာယ က ဆရာတော် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိ ဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသရဲ့ပုံတူ ဆီလီကွန်ရုပ်တု ထုတ်လုပ်နေတာပုံပေါ်လာပြီ ဖြစ် တယ်လို့ ဇွန်လ၅ရက်နေ့က မြန်မာ့ဆီလီ ကွန်ပန်းပုပညာရှင်ဦးအောင်ကျော်ထွန်း က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဗန်းမော်ဆရာတော်ကြီးရဲ့ဆီလီကွန်ရုပ်တုတော်ထုလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဆီလီကွန် ပန်းပုပညာရှင် ဦးအောင်ကျော်ထွန်းက “အကျိုးပြုအနုပညာ တချိန်ကနိုင်ငံခြား မှာသွားအပ်ရတော့ ငွေလဲကုန်တယ်သူများနှိမ်တာလဲခံရတယ်။ဒါကိုမခံချင်လို့အဂ်လန်ကနေ ဆီလီကွန်ပန်းပုကိုရအောင်သင်ယူ ခဲ့တယ်။ဒီနေ့တော့တိုင်းပြည်အတွက် အ ကျိုးပြုတဲ့ အနုပညာ ဖြစ်နေပြီ ကိုယ့်ယုံကြည် ချက်အတွက် ကိုယ့် မိသားစုဂုဏ် တက် တယ်။ကိုယ့်အမျိုးတွေဂုဏ်တက်တယ်။
ကိုယ့်မြို့ ဂုဏ်တက်တယ်။ ကိုယ့်ကျောင်း ဂုဏ်တက်တယ်။ကိုယ့်သူငယ်ချင်းတွေ ဂုဏ်တက်တယ်။ကိုယ့်အပေါင်းအသင်းတွေ ဂုဏ်တက်တယ်။ ကိုယ့်အဖွဲ့အစည်း ဂုဏ်တက်တယ်။ကိုယ့်နိုင်ငံဂုဏ်တက်တယ်´´လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားထားပါတယ်။
ဆီလီကွန်ပန်းပုပညာရှင် ဦးအောင် ကျော်ထွန်းအနေနဲ့ ဗန်းမော်ဆရာတော် ကြီးရဲ့ဆီလီကွန်ရုပ်တုတော်ကို မေလ၂၈ရက် ကစတင်ပြီး ထုလုပ်ခဲ့တာလို့ သိရပါတယ်။


