ဗန်းမော်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား တရုတ်သံအမတ်ကြီး သွားရောက်ဖူးမြော်ကြည်ညို

ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သော မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai က မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်သို့ ယနေ့ ဇွန်လ ၂ ရက်က သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ဗန်းမော်ဆရာတော်ကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းအတွက် အရေးပါစွာ အကျိုးပြုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဗန်းမော်ဆရာတော်ကြီး သက်တော် ၉၀ ပြည့်နှစ် အရွယ်တွင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းတို့နှင့် ကူးလူးဖလှယ်ခဲ့ကြောင်း၊ ဗန်းမော်ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းအတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာနယ်ပယ်မှ ဆရာတော်ကြီး၏ ကြီးမြတ်သောဆန္ဒများကို ဆက်လက် အမွေဆက်ခံပြီး နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ကူးလူးဖလှယ်ရေးလုပ်ငန်းကို ဆက်လက်လက်ဆင့်ကမ်း အမွေဆက်ခံကာ ဖွံ့ဖြိုးတိုးတက်လာစေမည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံမှ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ တာဝန်ခံအား သံအမတ်ကြီး Mr. Chen Hai က ပြောကြားခဲ့ကြောင်း သိရသည်။

Visited 41 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *