ဗန်းမော်ဆရာတော်ကြီးရဲ့ပုံတူ ဆီလီကွန် ရုပ်တုတော်ထုလုပ်ရန် မိုပုံကြမ်း ၇၅ ရာခိုင်နှုန်းပြီးစီး

ဗန်းမော်ကျောင်းတိုက်ကြီးရဲ့ ပဓာနနာယက ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသရဲ့ပုံတူ ဆီလီကွန် ရုပ်တုတော်ထုလုပ်ရန် မိုပုံကြမ်း ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ မြန်မာ့ဆီလီကွန်ပန်းပု ပညာရှင်ဦးအောင်ကျော်ထွန်းက သူရဲ့လူ မှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

ဗန်းမော်ဆရာတော်ကြီးရဲ့ပုံတူ ဆီလီကွန် ရုပ်တုတော်ကို မေလ၂၈ရက်က ထုလုပ်ခဲ့ တာဖြစ်ပြီး ဆရာတော်ကြီးရဲ့ ပင်ကိုယ်သဘာ ဝ အပြုံးလဲပါသလို ရေရှည် ကိုးကွယ်ဖို့လဲ သင့်လျော်တဲ့ပုံစံနဲ့ထုလုပ်ခဲ့တာဖြစ်ပြီး သွား ပေါ်အောင်ပြုံးတော့ သွားတွေကိုသွားအတု လုပ်တဲ့ နည်းပညာနဲ့ လုပ်ခဲ့ရတာဖြစ်ပြီး မျက်လုံးအတုတွေလဲ ကိုယ်တိုင်လုပ်သလို ဆံပင်တွေစိုက်ပြီး ကတုံးပြန်တုံးရတာ လွယ် တဲ့ကိစ္စတွေတော့မဟုတ်ပါဘူးဆရာတော်ကြီးရဲ့ ပုံဟာ မြန်မာပြည်ရဲ့ ဆီလီကွန်ရုပ်တု သမိုင်းမှာ ပထမဆုံး သွားအတုနည်းပညာထည့်သုံးထုလုပ်တဲ့ ရုပ်တု ဖြစ်လာမှာလို့မြန်မာ့ဆီလီကွန်ပန်းပုပညာရှင်ဦးအောင်ကျော်ထွန်းက ဆိုပါတယ်။

Photo- U Aung Kyaw Tun

Visited 139 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *