ဗစ်တိုးရီးယား ဘက်ခမ်းရဲ့  ဖက်ရှင်ရှိုးပွဲ  ကန့်ကွက်ဆန္ဒပြခံရ

ကန့်ကွက်ဆန္ဒပြနေတဲ့ မော်ဒယ်တစ်ယောက်ကို လုံခြုံရေးတွေက တားမြစ်နေပုံ
Photo Credit: Reuters

ပဲရစ်၊ မတ်၂

Paris Fashion Week မှာ ပူးပေါင်း ပြသခဲ့တဲ့ ဗစ်တိုးရီးယား ဘက်ခမ်း ရဲ့  ရှိုးပွဲကို သူ့ရဲ့ ပွဲမှာ catwalk လျှောက်ပေးတဲ့ သူတွေ ကိုယ်တိုင်ကတိရိစ္ဆာန်အခွင့်အရေး တွေအတွက် ဗစ်တိုးရီးယားရဲ့ ဖက်ရှင်တွေကိူ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။

 ဒီပွဲကို တိရိစ္ဆာန်ကျင့်ဝတ်ဆိုင်ရာ ကုသရေးအဖွဲ့ (Peta) က ဖက်ရှင်လုပ်ငန်းတွေမှာ တိရစ္ဆာန်အရေခွံတွေ အသုံးပြုတာကို ယေဘုယျအားဖြင့် ကန့်ကွက်ကြောင်း ဖော်ထုတ်ပြောဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက  “တိရစ္ဆာန်တွေက  အထည်မဟုတ်” ဆိုတဲ့  တီရှပ်တွေ  ဝတ်ဆင်ထားပြီးကြပြီး “Viva vegan သားရေ” ဆိုတဲ့ ဖက်ရှင်ပစ္စည်တွေကို ဆန့်ကျင့်ကြောင်း ဆိုင်းဘုတ်တွေ ဝှေ့ယမ်း ခဲ့ကြတယ်လို့ဆိုပါတယ်။

 ဒီပွဲမှာတော့ ဗစ်တိုးရီးယား ဘက်ခမ်းတစ်ယောက် ခြေဖဝါးဒဏ်ရာရထားလို့ ချိုင်းထောက် နှစ်ချောင်းထောက်ပြီး ပွဲတက်လာတာကိုလည်း တွေ့ခဲ့ကြရပါတယ်။

ဗစ်တိုးရီးယားရဲ့ ခင်ပွန်းဖြစ်တဲ့  ဒေးဗစ်ရဲ့  တစ်ချိန်က အသင်းဖော်ဖြစ်တဲ့  ဘရာဇီးလ်လက်ရွေးစင်ဘောလုံး သမား ရော်နယ်ဒိုလည်း ပါ ဒီပွဲကို တက်ခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

ပုံစာပွဲမှာတွရတဲ့ ဗစ်တိုးရီယား ဘက်ခမ်း

Feature Image Credit: Reuters

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *