
ထရန်ကို့ဆို(ဘရာဇီး)၊ ဇူလိုင် ၁၄
ကမ္ဘာကျော် ဖက်ရှင်အမှတ်တံဆိပ် ဗစ်တိုးရီးယား စီးကရက်ရဲ့ မော်ဒယ် လာအိ့စ် ရီဘဲရိုနဲ့ အန်ဘီအေ က နာမည်ကျော် ကစားသမားဟောင်း ဂျိုအာကင် နိုအာ တို့ နှစ်ဦး စေ့စပ်ပြီး နှစ်နှစ်အကြာ ဇူလိုင် ၁၃ရက်နေ့မှာ ဘရာဇီးက ကမ်းခြေတစ်ခုမှာ လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့ ကြပါတယ်။
ပွဲနေ့မှာတော့ သတို့သားရော သတို့သမီးပါ အဖြူရောင် ဝတ်စုံကိုယ်စီ ဝတ်ထားကြပြီး ဘရာဇီးရဲ့ သာယာလှပတဲ့ကမ်းခြေမှာ နှစ်ဘက် ဖိတ်ကြားထားတဲ့ ဆွေမျိုးမိတ်ဆွေတွေနဲ့အတူ မင်္ဂလာပွဲကို ဆင်နွဲ့ခဲ့ ကြတာပါ။
သတို့သမီး လာအိ့စ်က ဘရာဇီးသူ ဖြစ်ပြီး ဗစ်တိုးရီးယား စီးကရက် နတ်သမီး (Victoria’s Secret Angel ) ဆိုပြီး ပရိသတ်တွေက နာမည်ပေးထားတာ ခံရသူဖြစ်တဲ့အပြင် ဖက်ရှင်လောကမှာ အရမ်းကို ကျော်ကြားတဲ့သူပါ။ အသက် ၃၃ နှစ်အရွယ် ရှိနေပြီး အိမ်ထောင်တစ်ဆက်ကျဖူးကာ အယ်လက်ဇန်းဒါး ရီဘဲရိုဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။
ဂျိုအာကင်ကတော့ ဝင်ငွေကောင်းတဲ့ အန်ဘီအေ အမေရိကန်ဘတ်စ်စကက်ဘော ထိပ်တန်းကစားသမားဟောင်း တစ်ယောက်ပါ။ ပြင်သစ်၊အမေရိကန်ကပြားဖြစ်ပြီး အသက် ၃၇နှစ် ရှိသူဖြစ်ပါတယ်။
သူတို့ချစ်သူနှစ်ဦးက ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ ဖူးစာဆုံခဲ့ကြပြီး ၂၀၁၉မှာ စေစပ်ကြောင်းလမ်းခဲ့ကြပါတယ်။ ၂၀၂၂ ဇူလိုင် ၁၃ရက်နေ့မှာတော့ လာအိ့စ်ရဲ့ မွေးဇာတိ ဖြစ်တဲ ဘရာဇီးနိုင်ငံက ထရန်ကို့ဆို လို့ခေါ်တဲ့ပင်လယ် ကမ်းခြေမြို့ လေးမှာ လှပတဲ့ လက်ထပ်ပွဲလေးကို ကျင်းပခဲ့ ကြတာဖြစ်ပါတယ်။
Ref: Hollywood Life