ဗင်းနစ်မြို့မဟာတူးမြောင်းတစ်နေရာမှာ ပေါ်လာတဲ့ အစိမ်းရောင်ရေပြင်ကြီး

အီတလီနိုင်ငံ၊ဗင်းနစ်မြို့လယ်က မဟာတူးမြောင်းဟာ ကမ္ဘာလှည့်ခရီးသည်တွေကို အထူးဆွဲဆောင်နေတဲ့ နေရာဖြစ်ပါတယ်။

အဲဒီတူးမြောင်းတလျောက်မှာ လှေစီး အပမ်းဖြေရင်း အတွေးသစ်အမြင်သစ်တွေရနိုင်တယ်လို့တောင် ညွှန်းဆိုကြပါတယ်။

မေ၂၈ နံနက်စောစောက အဲဒီမဟာတူးမြောင်းတစ်နေရာမှာရှိတဲ့ ရီယာလ်တိုရှေးဟောင်းတံတားအနီးတဝိုက်မှာ အတွေးသစ်အမြင်သစ်တွေထက် ပိုပြီးထူးဆန်းတဲ့ အစိမ်းရောင်ရေပြင်ကြီးကို တွေ့မြင်ခဲ့ကြရပါတယ်။

စားသောက်ဆိုင်တွေတန်းစီနေတဲ့ နေရာတလျောက်မှာ ရေပြင်ဟာ အစိမ်းရောင်တောက်နေတာကို ဖြတ်သန်းသွားလာတဲ့ ဗင်းနစ်မြို့သူမြို့သားတွေရော ကမ္ဘာလှည့်ခရီးသည်တွေပါ တအံ့တဩ ကြည့်ခဲ့ကြရပါတယ်။

အဝတ်အထည်ဆိုးဆေး တူးမြောင်းထဲကျလို့ စိမ်းတာဖြစ်နိုင်ပြီး အဆိပ်အတောက်ဖြစ်ရင်တော့ဒုက္ခပဲလို့ ပြောတဲ့သူကပြောကြတယ်။

နေ့လယ်လောက်ကျတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေက ရေပြင်စိမ်းကြီးကို လာစစ်ပြီးဓာတ်ခွဲစမ်းသပ်ဖို့ ရေနမူနာတွေ ယူသွားကြပါတယ်။

နောက်ဆုံးမှာတော့ ဖလူရိုစိမ်းလို့ခေါ်တဲ့ ရေအောက်ဆောက်လုပ်ရေးသုံး အဆိပ်အတောက်ကင်းတဲ့ဓာတုပစည်းတစ်မျိုးကြောင့် မဟာတူးမြောင်းထဲကရေတွေ စိမ်းသွားတာဖြစ်ပြီး ဘာမှ အန္တရာယ် မရှိဘူးလို့ အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref: Skynews

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *