၂၉ ဖေဖော်ဝါရီ ၊၂၀၂၄

ပဲခူးတိုင်း၊ ဖြူးမြို့၊ ဗထူးရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က လူငယ်အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးတွေ့ဆုံနေချိန် လူငယ်အမျိုးသားက အမျိုးသမီးလည်ပင်းကို ဓါးနဲ့ထိုးသတ်ခဲ့လို့ နေရာမှာပဲ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခင်းဖြစ်ပွါးတဲ့နေရာက အမျိုးသမီးငယ်ရဲ့ နေအိမ်မနီးမဝေးနေရာမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီး မကြာခင် နိုင်ငံခြားကို အလုပ်လုပ်ဖို့ သွားရောက်မယ့်သူဖြစ်တယ်လို့ သိရပြီး၊ အသက် ၂၀ အရွယ်အမျိုးသားက တွေ့ဆုံစဉ် အသင့်ပါလာတဲ့ဓားမြှောင်နဲ့ လည်ပင်းကို ထိုးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့ကအရင်ကတော့သမီးရည်းစားတွေ လမ်းခွဲထားတာမကြာသေးဘူး ။ဘာကြောင့်လဲဆိုတာမသိရသေးဘူးတယ် ။ကောင်လေးကိုတော့ သူ့အိမ်မှာလာဖမ်းသွားတယ်၊ ကောင်မလေးကရန်ကုန်သွားတော့မှာဒူဘိုင်း သွားခါနီးလေးချစ်သူက တွေ့ဖို့ ခေါ်ပြီးသတ်တယ်လို့လဲ ပြောကြတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံအချို့ကတော့ ကောင်လေးဟာ ဆေးသုံးသူတဦးဖြစ်ပြီး၊နိုင်ငံခြားသွားမယ့်ကိစ္စကို မကျေနပ်လို့ သတ်လိာက်တာလို့ ပြောဆိုနေကြပြီး၊သေဆုံးသူအမျိုးသမီးကိုမတ်လ ၂ ရက်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။



