
Photo Credit: The Nation
ဘန်ကောက်၊ စက်တင်ဘာ ၂
ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်စည်းရုံးရေးကာလမှာ ဖြူထိုင်းပါတီ အနေနဲ့ စစ်တပ်ထောက်ခံပါတီတွေနဲ့ လုံးဝ ပူး ပေါင်းမှာ မဟုတ်ဘူးဆိုတဲ့ ဂတိကို ယုံစားပြီး ထောက်ခံမဲပေးခဲ့ပေမယ့် နောက်ဆုံးမှာ စစ်တပ်ထောက်ခံပါတီတွေနဲ့ ညွှန်ပေါင်းအဖွဲ့ဖွဲ့ပြီး အစိုးရဖွဲခဲ့တဲ့အပေါ် မကျေနပ်လို့ ဆိုပြီး သူ့ကိုယ်သူ မစင်ထုတ်တွေနဲ့ ပြန်အပေါက်ခံတဲ့ ဖြစ်ရပ်တစ်ခု အကြောင်း ဒီနေ စက်တင်ဘာ၂ရက် ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မစင်တွေနဲ့ အပေါက်ခံခဲ့သူက သူအနေနဲ့ ဖြူထိုင်းပါတီဟာ ဘယ်လိုကြောင့်မှ စစ်တပ်ထောက်ခံပါတီတွေနဲ့ လက်တွဲပြီး အစိုးရတစ်ရပ်ဖွဲ့မှာ မဟုတ်ဘူးလို့ အပြည့်အဝ ယုံကြည်ထားပေမယ့် အခုတော့ ကတိမတည်ခဲ့တဲ့ ဖြူထိုင်းပါတီကို အားပေးထောက်ခံခဲ့လို့ ကိုယ့်ကိုယ်ကိုယ် မစင်ထုတ်နဲ့ အပေါက်ခံတာလို့ ပြောပါတယ်။
အခုလို အပေါက်ခံခဲ့တဲ့သူက ဒူဟန်ဂရစ် ဘူနန်ဆိုသူ ဖြစ်ပြီး ဗိသုကာ တစ်ယောက်လို့လည်း ဆိုပါတယ်။သူ့ရဲ့ ရှုံချပွဲကို ဘန်ကောက်က Mirror Art Gallery မှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ပေါက်ခံနေတဲ့အချိန်မှာတော့ အကာအကွယ်အနေနဲ့ ဝတ်စုံအပြည့် ဝတ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဘူနန်က “ ဖြူထိုင်းပါတီဟာ စစ်တပ်ထောက်ခံပါတီတွေနဲ့ ပူးပေါင်းခဲ့ရင် ကိုယ့်ကိုယ်ကိုယ် မစင်ထုတ်နဲ့ အပေါက်ခံမယ် လို့ ပေးထားတဲ့ ဂတိအတိုင်း လုပ်တာပါ”ဆိုပြီး ပြောဆိုတယ်လို့ သိရပါတယ်။
ပစ်ပေါက်ချိန်မှာ မီဒီယာတွေ သာမက လာကြည့်ကြတဲ့ ပရိတ်သတ်တွေလည်း ရာဂဏန်းရှိတယ်လို့ ပြည်တွင်းမီဒီယာ တွေက ဖော်ပြထားပါတယ်။
Ref: The Nation