ဖျားနာနေတဲ့စစ်ရှောင်အချို့ ဆေးကုဖို့ခက်ခဲနေ

၃ ဇန်နဝါရီ၊၂၀၂၄

ဆီဆိုင်မြို့ထဲ ရောက်လာတဲ့ တခြားက စစ်ဘေးရှောင်လာသူတွေ ဖျားနာမှုတွေများလာတာကြောင့်ဆေးခန်းပြဖို့ အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်အချို့ဆီက သိရပါတယ်။

ဆီဆိုင်မြို့ပေါ်ကစစ်ရှောင်စခန်းတွေမှာရှိတဲ့ ဖျားနာသူအချို့တွေကို ဆီဆိုင်မြို့ခံကျန်းမာရေးဝန်ထမ်းတွေက ကူညီနေကြပေမယ့် မြို့နဲ့ဝေးတဲ့နေရာမှာရှိနေတဲ့ ဖျားနာသူတွေကတော့ အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးရှောင်သူတဦးကပြောပါတယ်။

“မြို့ပေါ်ဆေးခန်းလာပြရင်ဆရာဝန်တွေကအလကားကုပေးကြတယ်၊ဆေးဖိုးလဲမယူကြဘူး ရွာဖက်မှာဖျားနာသူတွေများနေတယ် ဆေးခန်းမလာနိုင်ကြဘူး အချို့ကဆိုင််မရှိတော့မလာပဲ သည်တိုင်းနေနေကြတယ်”လို့ဆီဆိုင်မြို့နယ်ကရွာတရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်သူတဦးကပြောပါတယ်။

ဒီရက်ပိုင်းရာသီဥတုအေးလာတာကြောင့် စစ်ရှောင်စခန်းအချို့မှာ အမိုးအကာအလုံအလောက်မရှိ၊စောင်ဆေးဝါးစတာတွေ မလုံမလောက်ဖြစ်နေရတယ်လို့ စစ်ရှောင်သူအချို့ဆီက သိရပါတယ်။

ကယားပြည်နယ်ကနေစစ်ရှောင်လာသူတသောင်းဝန်းကျင်ခန့်ဆီဆိုင်မြို့နယ်ထဲကရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ရရာအလုပ်ဝင်လုပ်နေကြတယ်လို့သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *