၁၆ ဖေဖော်ဝါရီ၊၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ဖျာပုံ-ကျိုက်လတ်ကားလမ်းမှာ ခရီးသည်တင်ယာဉ်တစီးဟာမျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်းရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းလျှောက်နေသူတဦးကို ဝင်ရောက်တိုက်မိခဲ့တာကြောင့်တဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးခဲ့သူအချို့ဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီးခရီသည်တင်ကားဟာ ဖျာပုံ-ရန်ကုန်ပြေးဆွဲနေတဲ့” သီဟနိုင်ယာဥ်ဖြစ်ပြီးယာဥ်တိုက်မူကြောင့် လမ်းလျောက်လာသူတဦးသေဆုံးပြီး၊ ကားပေါ်ပါလာသူအမျိုးသား၅ဦး၊အမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သွားရောက်ကူညီခဲ့တဲ့ပရဟိတအသင်းအချို့က ပြောပါတယ်။










“ဝင်တိုက်တဲ့ကားက လမ်းဘေးထိုးကျသွားတာ ။ဆိုင်ကယ်ရှောင်ရင်းမှောက်မှု့ဖြစ်ပွားတာ လမ်းလျောက်လာသူကအခင်းဖြစ်ပွားရာနေရာမှာပဲ ဆုံးသွားပါတယ်”လို့အနီးအနားမှာ ကူညီခဲ့သူပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမူကူညီရေးအသင်းတွေက ကားအတွင်း ညပ်နေတဲ့အမျိုးသားတဦးကို ကရိန်းစက်ပစ္စည်းကြီးများနဲ့နှစ်နာရီကျော်ကြာ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရတာလို့ သိရပါတယ်။
ကားတိမ်းမှောက်မှု့ဖြစ်ပွားရာနေရာကိုဖျာပုံမြို့မီးသတ်တပ်ဖွဲ့က မီးသတ်တပ်ဖွဲ့ဝင်များနဲ့ လူမုကူညီရေးအသင်း၇ဖွဲ့တို့ကကူညီခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို ဖျာပုံပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့
သိရပါတယ်။





All reactions:
2323



