ဖေ့စ်ဘွတ်ခ်အကောင့် ခြောက်လပိတ်ခံ ရတဲ့ ဝန်ကြီးချုပ်ဟွန်ဆန် တယ်လီဂရမ်နဲ့ တစ် တော့လူမှုကွန်ရက်တွေ ပြောင်းသုံး နေပြီ

လွန်ခဲ့တဲ့ ဇန်နဝါရီလက ကမ္ဘောဒီး ယားဝန်ကြီးချုပ်ဟွန်ဆန်ဟာ အတိုက် အ ခံနိုင်ငံရေးသမားတွေကို ချေမှုန်းမယ် ဖယ်ရှားပစ်မယ်ဆိုပြီး ဒေါမာန်ပါပါပြောကြားတဲ့ ဗီဒီယိုဖိုင်လွှင့်တင်တော့ ကြည့် ရှုကြတဲ့ အကြိမ်ရေ ၆၀၀၀၀၀ရှိခဲ့ တယ်။

အဲဒီဗီဒီယိုဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ရဲ့ စံနှုန်းကို ဖောက်ဖျက်တယ်လို့ သတ် မှတ်ပြီး နောက်လိုက် ၁၄သန်းရှိတဲ့ သူ့ဖေ့စ်ဘွတ်ခ်အကောင့်ပိတ်ခံလိုက်ရတယ်။ ၃၈နှစ်ကြာမြင့်နေပြီဖြစ်တဲ့ သူ့ရဲ့ ဝန်ကြီးချုပ်အခွင့်အာဏာကို သက်တမ်း တိုးမြှင့်ဖို့ ဝင်ပြိုင်မယ့် ရွေးကောက်ပွဲ အ တွက် မဲဆွယ်ပွဲမလုပ်ခင်မှာ အကောင့်ပိတ်ခံလိုက်ရတဲ့အတွက် ဟွန်ဆန် အများ ကြီးအထိနာခဲ့ပါတယ်။

ဇွန်၂၉မှာ သူ့ဖေ့စ်ဘွတ်ခ်သုံးလို့ မရ တော့တဲ့အတွက် ကမ္ဘောဒီးယားနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ကိုပိတ်ပစ်မယ်လို့တောင် သူက ခြိမ်းခြောက်ခဲ့ပါတယ်။ သူကတော့တယ်လီဂရမ်နဲ့တစ်တော့ပြောင်းသုံးနေပြီ။

အဲဒီလူမှုကွန်ရက်တွေက လွတ်လပ် တယ်။ ဖေ့စ်ဘွတ်ခ်မသုံးကြနဲ့လို့ ဟွန် ဆန်ကပြောနေပါတယ်။ ဇွန်၃၀မှာ ပူရ်ဆတ်ပြည်နယ်က အထည် ချုပ်လုပ်သားတွေနဲ့တွေ့ဆုံတော့ ပြည်ပက နေ ဖေ့စ်ဘွတ်ခ်သုံးပြီးပြည်တွင်းက အဖျက်အမှောင့်လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုနေတဲ့ အတိုက် အခံ ပြည်ပြေးနိုင်ငံရေးသမားတွေကိုတားဆီးဖို့ ဖေ့စ်ဘွတ်ကို ယာယီအခိုက်အတန့် ဖြစ် စေ ထာဝရဖြစ်စေ ပိတ်ပစ်မယ်လို့သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အခုပိတ်ခံခဲ့ရတဲ့ သူ့ဖေ့စ်ဘွတ်ခ် အ ကောင့်မှာ နောက်လိုက်ပေါင်း ၁၄သန်း ရှိတယ်ဆိုပေမယ့် သူ့လူတွေက အကောင့် အတုတွေဖန်တီးပြီး နောက်လိုက်လုပ်ထားကြတာသာဖြစ်တယ်လို့ အတိုက်အခံ နိုင်ငံ ရေးသမားတွေကစွပ်စွဲထားပါတယ်။

Ref: BBC

Visited 15 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *