ဖူးကက်ကျွန်းခရိုင်အတွင်း ငါးရှာထွက်သော မြန်မာတစ်ဦး ပင်လယ်ရေလှိုင်းရိုက်ခတ်သောကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း Phuket Times တွင် ဖော်ပြထားသည်။
မေလ ၃၀ ရက်တွင်ယင်း မြန်မာအမျိုးသားတစ်ဦးက လှေငယ်တစ်စင်းဖြင့် ငါးရှာထွက်ရာ ထိုင်းနိုင်ငံ၊ ဖူးကက်ခရိုင်၊ လာယမ်ကမ်းခြေအနီးတွင် ပင်လယ်ရေလှိုင်းရိုက်ခတ်သောကြောင့် လှေ နစ်မြှုပ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ရုပ်အလောင်းကို
ကုစွန်ထမ်ဖူးကက်လူမှုကူညီရေးအသင်းက မေလ ၃၁ ရက်က ယနေ့တွင် ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ သေဆုံးသူ မြန်မာနိုင်ငံသား ရုပ်အလောင်းကို ထလန်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမိုးလေဝသဌာနက ပင်လယ်နှင့်ထိစပ်နေသော ရနောင်း၊ ဖန်ငါး၊ ဖူးကက်၊ သလန်၊စတူလ်ခရိုင်တို့တွက် မေလ ၃၁ ရက်မှ ဇွန်လ ၆ ရက်ထိ မိုးသက်လေပြင်းကျပြီး လှိုင်းရေကြီးမှုဖြစ်နိုင်သည့် “မါဝါ” တိုင်ဖွန်မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားကြောင်းလည်း သိရသည်။
