ဖူထိုင်းပါတီက တင်မြှောက်မယ့် ဝန်ကြီး ချုပ်လောင်းကိုထောက်ခံမဲပေးဖို့ တပ်နဲ့ ဆက်နွယ်တဲ့ (၂)ပါတီကို စည်းရုံးခဲ့

၂၀၂၃ခုနှစ် ထိုင်းပါလီမန် ဒုတိယအ စည်းအဝေးမှာ ရှေ့သို့လှမ်းချီပါတီ ခေါင်းဆောင် ပီတာလင်မ်ဂျရိုယင်ရတ် ဝန်ကြီးချုပ်လောင်းနေရာက ဖယ်ရှားခံရ ပြီးတဲ့နောက် ဖူထိုင်းပါတီကို (၈)ပါတီမ ဟာမိတ်အင်အားစုရဲ့ဦးစီးဦးဆောင်လုပ်ဖို့ ပီတာကိုယ်တိုင်က လိုလားခွင့်ပြုခဲ့တယ်။

ဒါပေမယ့် ရှေ့သို့လှမ်းချီပါတီပါရင် ထိုင်းအထက်လွှတ်တော်က ဖူထိုင်းက တင်မြှောက်လာမယ့် ဝန်ကြီးချုပ်လောင်း ကိုလည်း ကန့်ကွက်မဲဝိုင်းပေးကြလိမ့်ဦး မယ်လို့ ပြည်ပကထိုင်းနိုင်ငံရေးစောင့် ကြည့်လေ့လာသူတွေ ထောက်ပြကြတယ်။

မေလရွေးကောက်ပွဲမှာ ဒုတိယမဲအများ ဆုံးရခဲ့တဲ့ ဖူထိုင်းပါတီကဦးဆောင်ပြီး အစိုး ရဖွဲ့ခွင့်ရအောင် ကြိုးစားမယ်ဆိုရင် ရှေ့သို့ လှမ်းချီပါတီနဲ့ လမ်းခွဲမှဖြစ်မယ်လို့ ဝါ ရင့်ထိုင်းနိုင်ငံရေးသမားတွေက ဆိုကြ တယ်။

ဖူထိုင်းက ငါတို့ပါတီနဲ့မဟာမိတ်ဖွဲ့ခဲ့ပြီး အခု အခြေအနေမဟန်မှန်းသိတာနဲ့ သစ္စာ ဖောက်တော့မယ်လို့ ရှေ့သို့လှမ်းချီပါတီ ရဲ့အမာခံအင်အားစုဝင်တချို့က ဝေဖန်ကြ ပြန်တယ်။

ဇူလိုင်၂၆ရက်မှာ ဖူထိုင်းက ဝန်ကြီးချုပ်လောင်းအမည်စာရင်းအတည်ပြုတင် သွင်းပြီး ၂၇ရက်မှာ ပါလီမန်က မဲခွဲဆုံး ဖြတ်မယ်။ အဆုံးအဖြတ်ခံယူရမယ့် ရက် ကကပ်နေပြီ။

ဖူထိုင်းက သူတို့ဦးဆောင်ပြီးအစိုးရဖွဲ့ရင် ညီညွတ်သောထိုင်းနိုင်ငံပါတီနဲ့ ပလန်းပ ရာချရတ်ပါတီကို ပါဝင်ကြဖို့ စည်းရုံးနေ တယ်ဆိုတဲ့သတင်း ဇူလိုင်၂၃မှာ ပေါ် ထွက်လာတယ်။ တပ်နဲ့ဆက်နွယ်တဲ့ အဲဒီ ၂ပါတီနဲ့ ညွန့်ပေါင်းဖွဲ့မယ်ဆိုရင် သူတို့ခွဲ ထွက်မယ်လို့ ရှေ့သို့လှမ်းချီပါတီက ထုတ်ပြန်ကြေညာတယ်။

ဖူထိုင်းက သူတို့စည်းရုံးနေတာ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးဖို့အတွက်သာ ဖြစ်တယ်လို့ ဇူလိုင်၂၄မှာ တုန့်ပြန်ဖြေ ရှင်းတယ်။ ဖူထိုင်းပါတီအနေနဲ့ သူ့သ ဘောဆန္ဒအလျောက် အကွက်ချ စီစဉ်နေ တာကို ရှေ့သို့လှမ်းချီပါတီအင်အားစု တွေဖက်က မနှောက်ယှက်သင့်ဘူးလို့ ဇူလိုင် ၂၅မှာ ဆေရီရူအမ်ထိုင်းပါတီ ခေါင်းဆောင် ဆေရီပီစု တေမီးယာဗက်စ် က ထုတ်ဖော်ပြောလိုက်တယ်။

Ref: Bangkok Post

Visited 22 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *