တိုကျို၊ ဇွန် ၁၂
ဂျပန်နိုင်ငံ တိုကျိုမြို့ အနောက်ပိုင်း ကူနီတချိဆိုတဲ့ မြို့မှာ ဆောက်လုပ်နေတဲ့ ၁၀ထပ် ကွန်ဒိုတိုက်ဟာ ဖူဂျီတောင်ရဲ့ မြင်ကွင်းကို ထိခိုက်ပိတ်ဆို့စေတယ်ဆိုတဲ့ အတွေးအမြင်ပေါ်လာပြီးတဲ့နောက် ဆောက်လုပ်နေတဲ့ Sekishuလို့ အမည်ရတဲ့ နာမည်ကြီး ဆောက်လုပ်ရေးကုမ္ပဏီက ဒီကွန်ဒိုကို အပြီးတိုင် ဖြို့ချလိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဇွန်လ ၁၁ ညနေပိုင်းသတင်းတွေကနေ သိရပါတယ်။
အဆိုပါကုမ္ပဏီ Sekisui House ကနေ “စီမံကိန်းကိုရပ်ဆိုင်းဖို့ ဆန္ဒအလျောက်ဆုံးဖြတ်ခဲ့ပါတယ်” ဆိုပြီး အင်္ဂါနေ့ (ဇွန် ၁၁ ရက်) နှောင်းပိုင်းမှာ ကြေငြာချက်တစ်ခု ထုတ်ပြီး ပြည်သူကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ ထုတ်ပြန်ကြေငြာချက်မှာ “လက်ရှိအခြေအနေက ရှုခင်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိတယ်ဆိုတာ ငြင်းဆိုစရာမရှိပါဘူး။ လမ်းပေါ်ကနေ မြင်နိုင်တဲ့ မြင်ကွင်းကို ဦးစားပေးဖို့ ဆုံးဖြတ်ထားပါတယ်” လို့လည်း ရေးသားထားတယ်လို့ သိရပါတယ်။
ဒီကွန်ဒိုက လမ်းသွားလမ်းလာတွေ အရင်ကလို သွားရင်းလာရင်း တောင်ကြီးရဲ့ တစ်စိတ်တစ်ဒေသကို မြင်နိုင်တဲ့ အနေအထား ဆုံးရှုံးသွားမှာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ဖူဂျီတောင်ဟာ အမြင့်ပေ ၃၇၇၆မီတာ ( ၁၂၃၈၈ပေ) အမြင့်ရှိပြီး ဂျပန်လူမျိုးတွေရဲ့ စိတ်ခံစားချက်ထဲမှာ တစ်စုံတစ်ရာ နေရာယူထားတဲ့ တောင်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီကွန်ဒိုတိုက်ဟာ ၁၀ထပ်ရှိပြီး လူနေအခန်း ၁၈ခန်း ပါတယ်လို့ သိရပါတယ်။ တစ်ခန်းကို ယန်း သန်း၇၀ ကနေ ၈၀ကြား (အမေရိကန်ဒေါ်လာ ၄၆၀၀၀၀ နဲ့ အထက်) နဲ့ ရောင်းချထားတာလည်း ဖြစ်ပါတယ်။
အခုတော့ အခန်းဝယ်ယူထားတဲ့သူတွေ ကို တရားဝင်တောင်းပန်ခဲ့ပြီး နစ်နာမှုတွေကို အကောင်းဆုံး ဖြေရှင်းပေးသွားမယ်လို့ ကုမ္ပဏီကကတိပေးထားတဲ့ အကြောင်းလည်း သိရပါတယ်။
Ref: AFP
ပုံစာ။ အဆောက်အဦတွေကြားက ဖူဂျီတောင်ရဲ့ မြင်ကွင်း တစ်ခု
Feature Image credit: GETTY IMAGES



