တိုကျို၊ ဖေဖေါ်ဝါရီ ၂
လာမယ့် ဇူလိုင်လ တောင်တက်ရာသီဖွင့်ချိန်က စပြီး ဂျပန်နိုင်ငံက ဖူဂျီတောင်ကို တက်ဖို့ မျှော်လင့်ထားတဲ့ တောင်တက်သမားတွေကို ယန်း ၂၀၀၀ (အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ) ကောက်ခံသွားမယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ကောက်ခံရရှိတဲ့ ငွေတွေကို ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ဖို့ နဲ့ ဘေးကင်းရေး ရန်ပုံငွေ အနေနဲ့ အသုံးပြုသွားမှာဖြစ်သလို တောင်ရဲ့ အသုံးအများဆုံးလမ်းကိုလည်း ပိုမိုဘေးကင်းရေး အတွက် စီမံချက် အကောင်အထည်ဖော်နေကြောင်း ယာမာနာရှီ စီရင်စုအုပ်ချုပ်ရေးမှူး ကိုတာရို နာဂါဆာကီ က ဖေဖော်ဝါရီ ၁ ရက်က ပြောပါတယ်။
ဒါဟာ “Bullet Climbing “ လို့ ခေါ်တဲ့ တောင်တက်သမားတွေက နေ့ပိုင်းမှာ ကောင်းကောင်း အနားမယူဘဲ ညလုံးပေါက် မရပ်မနားတက်လေ့ရှိတဲ့ အလေ့အထကို တားဆီးဖို့နဲ့ မတော်တဆ ဖူဂျီတောင် ပေါက်ကွဲပါက ပုန်းခိုနိုင်မယ့် အမိုးအကာတွေ ဆောက်လုပ်ဖို့အတွက် အဲ့ဒိဘဏ္ဍာငွေတွေကို သုံးသွားမှာပါလို့ စီရင်စုအစိုးရ သတင်းရင်းမြစ်တစ်ခုက The Japan Times ကို ပြောပြပါတယ်။
“Bullet Climbing” တွေဟာ ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်ထိပ်ကို တစ်ညလုံးမအိပ်ဘဲ နောက်နေ့ နေထွက်ချိန် မတိုင်မီ တောင်ထိပ်ကို ရောက်ဖို့ ကြိုးစားတက်ကြတဲ့ အန္တရာယ်မကင်းတဲ့ အလေ့အကျင့်တစ်ခုလို့ ဆိုပါတယ်။
ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံအလယ်ပိုင်း ယာမာနာရှိနဲ့ ရှီဇောက်ခ ဒေသမှာရှိနေပြီး တောင်တက်သမားတွေ အတွက် တိုကျိုမြို့လယ်ကနေ ရထားနဲ့ နှစ်နာရီခရီးရှိတယ်လို့လည်း သိရပါတယ်။
Ref: CNA
ပုံစာ။ ဖူဂျီတောင်ကြီးကို မြင်ရပုံ
Feature Image Credit: AFP



