ဖူကူရှီးမား ရေဆိုးထုတ်လွှတ်မှု ဒုတိယအကျော့ စတင်

တိုကျို၊ အောက်တိုဘာ ၅

ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစက်ရုံက သန့်စင်ထားတဲ့ရေဆိုးတွေ ဒုတိယအသုတ် အနေနဲ့ အောက်တိုဘာ ၅ ရက်မှာ စတင်စွန့်ထုတ်ခဲ့တယ်လို့ စက်ရုံရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောပြချက်အရ ဂျပန်စံတော်ချိန် နံနက် ၁၀ နာရီ ၁၈ မိနစ်  မှာ စွန်ထုတ်မှုကို စတင်ခဲ့တယ် လို့လည်း သိရပါတယ်။

၂၀၁၁ ခုနှစ် ဆူနာမီ လှိုင်းလုံးကြီး လှုပ်ခတ်ပြီးတဲ့နောက် ဖူကူရှီးမားနျူစက်ရုံဟာ ထိခိုက်ခဲ့ရပြီး အခုလို စွန့်ထုတ်မှုတွေက တော့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပါတယ်။

စက်ရုံဟာ ပထမဆုံး စွန့်ပစ်မှု ကို  ဩဂုတ်လ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

သန့်စင်ထားဒီ စွန့်ပစ်ရေတွေဟာ  ကျန်းမာရေးအန္တရာယ်မရှိဘူးလို့ ဂျပန်က အခိုင်အမာပြောခဲ့သလို ကုလသမဂ္ဂနျူကလီး ယား စောင့်ကြည့်ရေးအဖွဲ့က ကျောထောက်နောက်ခံပေးထားတဲ့အပေါ် တရုတ်က အကြိမ်ကြိမ်ဝေဖန်ခဲ့ပြီး ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

အခု တစ်ကြိမ်မှာ ကနဦးထုတ်ပြန်ထားတဲ့အတိုင်း ရေတန်ချိန် ၇,၈၀၀ အထိ စွန့်ပစ်ဖို့ မျှော်လင့်ထားကြောင်း လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဖူကူရှီးမား ရေဆိုးထုတ်လွှတ်မှု ရပ်ဆိုင်းဖို့  ဂျပန်ပြည်သူတွေနဲ့  တံငါသည်တွေက တရားစွဲထားတယ်လို့လည်း သိရပါတယ်။

Ref: AFP/wk/rc

ပုံစာရေးဆိုတွေ စွန့်ထုတ်နေတဲ့ စက်ရုံ

Feaature Image credit: Reuters

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *