ဖီဖာအကြီးအကဲ အင်ဖန်တီနိုက ‘အပြာကတ်’စနစ်ကို လုံးဝဆန့်ကျင်ကြောင်း အတိအလင်း ပြောဆို

စကော့တလန်၊ မတ် ၂

ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဖီဖာ အနေနဲ့  ‘အပြာကတ်များ’ လို့ ခေါ်တဲ့  နိုင်ငံတကာဘောလုံးအဖွဲ့ ဘုတ်အဖွဲ့ရဲ့  အဆိုပြုချက်ကို ဆန့်ကျင်ကြောင်း ဖီဖာဥက္ကဌ အင်ဖန်တီနို အတိအလင်း ထုတ်ဖော်ပြေဆိုလိုက်ပါတယ်။

စည်းကမ်းနဲ့ မကိုက်ညီတဲ့အပြစ်ကို အကြိမ်ကြိမ်ကျူးလွန်တဲ့ အသင်းမန်နေဂျာ။စည်းကမ်းနဲ့မညီတဲ့ ကစားပုံ၊ ဒါမှမဟုတ် ကွင်းထဲမှာ ဥပဒေပ ကစားတဲ့ ကစားသမားတစ်ယောက်ယောက်ကို အနီကဒ်ပြပြီး ကွင်းထဲကနေ တိုက်ရိုက်ထုတ်ပယ်နိုင်တဲ့ အခွင့်အာဏာ ကွင်းလယ်ဒိုင်လူကြီးမှာ အပြည့်အဝ ရှိပါတယ်။

အခု နိုင်ငံတကာဘောလုံးဘုတ်အဖွဲကနေ အဆိုပြုထားတဲ့ အပြာကတ် ဆိုတာက ကစားသမား တစ်ယောက်ကို အနီကတ်မပြမီ ၁၀မိနစ်ကြိုပြီး အပြာကတ်ပြရမယ်ဆိုတဲ့ အဆိုပြုချက်ဖြစ်ပါတယ်။ ဒီကိစ္စကို ဖီဖာနဲ့ နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့တို့ စကော့တလန်နိုင်ငံက  Loch Lomond မှာ ဒီနေ့ မတ်လ ၂ရက်မှာ အကျေအလည် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အစည်းဝေးအပြီးမှာတော့  ဖီဖာဥက္ကဌ အင်ဖာတီနိုက “ အပြာကတ် ဆိုတာ ရှိလာတော့မှာ မဟုတ်ပါဘူး” လို့ အစည်းအဝေးအဆောက်အဦ အပြင်မှာ စောင့်နေကြတဲ့ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

“စိတ်ကူးတွေနဲ့ အဆိုပြုချက်တွေကို  ကျွန်တော်တို့ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ကြိုဆိုနေပါတယ်။ ဒါပေမယ့် ပွဲတစ်ပွဲရဲ့ အနှစ်သာရကို ပျက်စေမယ့် အရာကို လက်မခံပါဘူ။အစဥ်အလာနဲ့ အနှစ်သာရကို ထိန်းသိမ်းရမှာပါ။” ဆိုပြီး အန်ဖာတီနိုက  ပြောဆိုခဲ့တဲ့ အကြောင်းလည်း သိရပါတယ်။

Ref: Reuters

ပုံစာ။ ဥက္ကဌ အင်ဖန်တီနို

Feature Image credit: insidetheGames

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *