နယူးဇီလန်နဲ့ဩစတြေးလျနှစ်နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၂၃ဖီဖာကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲမစခင် နာရီပိုင်းအလို ဇူ လိုင် ၂၀ ဒေသစံတော်ချိန်နံနက်၇နာရီ ၂၂မိနစ်လောက်က နယူးဇီလန်နိုင်ငံ အော့ ကလန်းမြို့မှာ သေနတ်ပစ်ခတ်မှုဖြစ် ပွားခဲ့ပါတယ်။
မြို့လယ်စီးပွားရေးရပ်ကွက် ဘုရင်မလမ်း က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ထဲကိုပြောင်းရှည်သေနတ်ကိုင်ဆောင် ပြီးရုတ်တရက်ဝင်လာတဲ့ အမျိုးသား တစ် ဦးက ပစ်ခတ်တိုက်ခိုက်တာလို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
အမျိုးသားအမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်နေရာကို ချက်ခြင်းသွားရောက်ပြီးတော့ သေနတ်သမားကို ထိန်းချုပ်ဖို့ကြိုးစားကြတယ်။ သေနတ်သမားကဓာတ်လှေခါး သွားတဲ့ အကန့်ထဲထိ ဝင်သွားလို့ ရဲတပ်ဖွဲ့ဝင်တွေ အနီးကပ်သွားပြီး လက်နက်ချ အဖမ်းခံဖို့ ပြောခဲ့ရတယ်။
အဲဒီအချိန်မှာ အမျိုးသမီးကမ္ဘာ့ဖလား ဘော လုံးပြိုင်ပွဲအတွက် လုံခြုံရေးတိုးမြှင့် ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက တော်တော် များများ အခင်းဖြစ်နေရာကို စုပြုံပြီးရောက် လာကြတယ်။ သေနတ်သမားဖက်ကဆက် လက်ပစ်ခတ်သံတွေကြားရပြီးတဲ့နောက် ငြိမ်သက်နေလို့သွားကြည့်လိုက်တဲ့အခါ သေနတ်သမားသေနေတာတွေရတယ်လို့ နယူးဇီလန်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာ တယ်။ အဲဒီသေနတ်ပစ်ခတ်မှုမှာ လူ ၂ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရှိတယ်လို့ ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုခဲ့ပါ တယ်။
အကြမ်းဖက်မှုတော့မဟုတ်ဘူး။ ဖီဖာ ဘောလုံးအဖွဲ့ချုပ်ကတာဝန်ရှိသူတွေ၊ ဘောလုံးအသင်းသူတွေအားလုံးဘေးကင်း လုံခြုံမှုရှိတယ်။ ဘောလုံးပြိုင်ပွဲတွေကို မူလအစီအစဉ်အတိုင်း ကျင်းပသွားမယ် လို့ နယူးဇီလန်ဝန်ကြီးချုပ် ခရစ်ဟစ်ပ် ကင်းစ်က အတည်ပြုပြောကြားခဲ့ပါတယ်။
စိုးရိမ်စရာမရှိတော့ဘူး။ တစ်မြို့လုံးဘေးကင်းလုံခြုံစေဖို့ ရဲတပ်ဖွဲ့ဝင်တွေ တိုးမြှင့် ချထားသွားမယ်။ပစ်ခတ်မှုဖြစ်ပွါးရတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့အော့ကလန်းမြို့တော်ဝန် ဝိန်းဘရောင်းကထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီနေ့ကွင်းဖွင့်ပွဲအနေနဲ့ ဧဒင်ဥယျာဉ်ကွင်း မှာ အိမ်ရှင်နယူးဇီလန်အမျိုးသမီးဘော လုံးအသင်းနဲ့ နော်ဝေအမျိုးသမီးဘောလုံး အသင်းယှဉ်ပြိုင်ကစားကြမှာဖြစ်တယ်။
Ref: BBC