ဖိလစ်ပိုင်အလယ်ပိုင်းမှာ  ပြင်းအား ၅ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်

မနီလာ ၊ ဇန်နဝါရီ ၂၃

 ဇန်နဝါရီလ ၂၃ ရက် ကြာသပတေးနေ့မှာ ဖိလစ်ပိုင်အလယ်ပိုင်းဒေသတစ်ခုအတွင်းပိုင်းထဲ ရစ်ခ်ျတာစကေး ဒသမ၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အဆိုပါ ကမ်းလွန်ငလျင်ဟာ  အနက် ၁၀ကီလိုမီတာမှာ  ရှိပြီး လက်တီ ပြည်နယ်ထဲမှာ လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်ဗေဒသိပ္ပံ (PHIVOLCS) က စာစောင်တစ်ခုက ဖော်ပြလိုက်ပါတယ်။

ငလျင်ကြောင့် ပျက်စီးမှုနဲ့  နောက်ဆက်တွဲငလျင်တွေပါ ဆက်ပြီး ဖြစ်နိုင်ကြောင်း ကိုလည်း အေဂျင်စီက သတိပေးထားပါတယ်။

ငလျှင်ရဲ့ တုန်ခါလှုပ်မှုက  တိုတောင်းပေမယ့် ပြင်းထန်တယ်လို့ ရဲချုပ် ဘာနီရေ ကာတစ် က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မီးတောင်လှုပ်ရှားမှုနဲ့  မြေငလျင်တွေ မကြ ဖြစ်လေ့ရှိတဲ့ ပစိဖိတ်သမုဒ္ဒရာ “မီးကွင်း” ဧရိယာမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

Ref: Reuters

ပုံစာ။ ငလျှင်မှတ်တမ်းပြမြေပုံ

Feature Image credit: USGS

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *