ဖိလစ်ပိုင်မှာ ၂၀၂၄ခုနှစ်အတွင်း ပထမဆုံး မျောက်ကျောက်ရောဂါဖြစ်နေတဲ့ လူနာစတွေ့

မနီလာ၊ ဩဂုတ် ၁၉

ဖိလစ်ပိုင်နိုင်ငံမှာ အရင်နှစ် ၂၀၂၃ခုနှစ် ဒီဇင်ဘာက  ပထမဆုံးအကြိမ်မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရသူကို နောက်ဆုံးတွေခဲ့ပြီး ၂၀၂၄ခုနှစ် ဩဂုတ် လလယ်အထိလူနာ ထပ်မတွေပဲ ရှိနေရာက အခုတော့ လူနာ အသစ်တစ်ယောက်တွေ့ထားတယ်လို့  တနင်္လာနေ့ (သြဂုတ် ၁၉ ရက်) မှာ ကျန်းမာရေးဌာနက ပြောဆိုလိုက်ပါတယ်။

လူနာဖြစ်သူဟာ  ဖိလစ်ပိုင်နိုင်ငံပြင်ပ ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသားတစ်ယောက်ဖြစ်တဲ့အကြောင်းကို  ကျန်းမာရေးဌာန (DOH) က ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်နော်တို့က  ဆေးစစ်ချက် ရလဒ်တွေကို  မျှော်နေပါတဘ် ။ပြီးရင် ထုတ်ပြန်ပေးသွားပါ့မယ်” ဆိုပြီး ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ  အဲလ်ဘတ်ဒိုမင်ဂိုက  ရောဂါပိုးနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးတာကို အခုလို ဖြေခဲ့တာဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ စပြီး ဖြစ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဩဂုတ် ၁၄ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တယ်လို့ သိရပါတယ်။

အခုတွေ့ထားတဲ့ ဗိုင်းရပ်အသစ်ဟာ အနီးကပ်ထိတွေ့မှုက တစ်ဆင့် အလွယ်တကူပျံ့နှံ့သွားပုံရတာမို့ တစ်ကမ္ဘာလုံးက စိုးရိမ်စိတ်တွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာ။ မျောက်ကျေက်ရောဂါပိုးရဲ့ သွင်ပြင်လက္ခဏာကို တွေ့ရပုံ

Feature Image credit: Researchgate

Visited 92 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *