ဖိလစ်ပိုင်မှာ လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံ သား၁၅ယောက်ကို ဒုတိယအသုတ်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာမြန်မာသံရုံးကနေ ဇွန် လ၂ရက်နေ့က မနီလာမြို့ရှိ နီနွိုင်းအကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
ပထမအသုတ်အနေနဲ့ မြန်မာနိုင်ငံသား (၂၀) ယောက် (အမျိုးသမီး ၁၅ယောက်နဲ့အမျိုးသား ၅ယောက်)တို့ကို မေလ၂၇ရက်က မြန်မာနိုင် ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက် ယခု အခါ ဒုတိယအသုတ်အနေနဲ့ မြန်မာနိုင်ငံ သား(၁၅)ယောက် (အမျိုးသမီး၆ယောက် နဲ့အမျိုးသား ၉ ယောက်)တို့ကို မြန်မာနိုင်ငံကို ထပ်မံပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကျန်နေသေး တဲ့မြန်မာနိုင်ငံသား(၇)ယောက်ကိုလည်း တ တိယအသုတ်အနေနဲ့ မြန်မာနိုင်ငံကို ပြန် လည်ပို့ဆောင်ပေးဖို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကအမြန်စီစဉ်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pam panga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများ ဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ အတင်းအကြပ်စေခိုင်းခံနေရပြီး လူကုန်ကူး ခံထားရတဲ့ နိုင်ငံခြားသား(၁၁၃၇)ယောက်ကို လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေး အဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့မှ မေလ ၄ရက်နေ့ညပိုင်းက ဝင်ရောက်ကယ်တင် ပေးခဲ့ရာ နိုင်ငံခြားတွေထဲမှာ မြန်မာနိုင်ငံ သား(၄၂)ယောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။