မနီလာ၊ ဇွန် ၆
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းက ကန်လွန်လို့ အမည်ရတဲ့ မီးတောင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နဲ့ ၅ရက်တွေမှာ ပေါက်ကွဲခဲ့တာမို့ အနီးအနားက ရွာတွေကို ချော်ခဲတွေ ကျောက်တုံးတွေထိမှန်ကျရောက်ခဲ့ပါတယ်။ ဒါ့အပြင်ရွာလမ်းတွေထဲအထိ ချော်ရည်တွေ စီးဝင်ခဲ့တာ လူတစ်ယောက် ခြေထောက်နစ်လောက်အောင် နက်တယ်လို့ သိရပါတယ်။
မီးတောင်ပေါက်အပြီး ဇွန်လ ၅ရက်နေ့မှာ မိုးကလည်း သည်းသည်းထန်ထန်ရွာခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲခဲ့တဲ့မီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း နီဂရော့စ် ကျွန်းပေါ်မှာ ရှိတယ်လို့ သိရပါတယ်။ မီးတောင်ပေါက်ကွဲချိန်မှာ ပြာတွေ၊ ကျောက်တုံးတွေဟာ ၅ ကီလိုမီတာ အမြင့်အထိ ကောင်းကင် လွှင့်စင်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ၆ရက်နေ့မှာတော့ မီးတောင်ကနေ ကီလိုမီတာ နဉ်းနည်းပဲဝေးတဲ့ ရွာထဲမှာဆို ရွာလမ်းတစ်ခုလုံးချော်ရည်တွေ အပြည့်တင်နေတာ တွေ့ရတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။ ရွာထဲမှာတော့ လူတွေက ခြေထောက်ဗလာနဲ့လျှောက်သွားနေကြတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် “လမ်းတွေပေါ်က ချော်ရည်တွေက ဒူးလောက်အထိနက်တယ်”လို့ မြူနီစပယ် သဘာဝဘေးအန္တရာယ်အေဂျင်စီရဲ့တာဝန်ရှိသူ တိုင်စ်ဖာနန်ဒက်ဇ်က အေအက်ဖ်ပီကို ပြောတယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ ချော်ရည်တွေတင်နေတဲ့ ရွာလမ်းမကို တွေ့ရပုံ
Feature Image Credit: AFP



