ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုမြို့မှာ ပြင်းအား ၅ဒသမ၆ ရှိတဲ့ ငလျင်လှုပ်ခတ်

မင်ဒါနာ၊ ဖေဖေါ်ဝါရီ ၁၀

ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုမြို့မှာ ဒိနေ့ ဖေဖော်ဝါရီ ၁၀ ရက် စနေနေ့မှာ ပြင်းအား ရစ်ချ်တာစကေး ၅.၆ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဂျာမန်ဘူမိသိပ္ပံဆိုင်ရာ သုတေသနဌာန (GFZ) က ပြောပါတယ်။

ငလျင်ရဲ့ အနက်ကတော့ ၁၀ ကီလိုမီတာ အထိရှိတယ်လို့လည်း သိရပါတယ်။

ဖိလစ်ပိုင် ငလျင်ဗေဒ အေဂျင်စီကလည်း အနက် ၂၇ ကီလိုမီတာ ပြင်းအား ၅.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့်  ပျက်စီးဆုံးရှုံးမှုမရှိဖို့  မျှော်လင့်ထားပေမယ့်လည်း နောက်ဆက်တွဲငလျင်တွေ ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင်သတင်းအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငလျင်ရှေ့ပြေးအဖြစ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုး ဒေ အိုးရို  ပြည်နယ် မာကိုမြို့မှာ ဖြစ်ခဲ့တဲ့  မြေပြိုမှုထဲမှာ ပျောက် ဆုံးနေတဲ့သူ ဒါဇင်ပေါင်းများစွာကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေး လုပ်သားတွေဟာ ငလျင်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ မြေပြုမှုဟာ ဖေဖေါ်ဝါရီ  ၆ရက်နေ့ အင်္ဂါနေ့ညက ရွှေတူးဖော်တဲ့ နေရာအပြင်ဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး  မြေပြိုမှုကြောင့် သေဆုံးသူ ၂၈ ယောက်အထိ ရှိလာခဲ့သလို ၇၇ယောက် ပျောက်ဆုံးနေပြီး ၃၂ ယောက် ဒဏ်ရာရရှိကာ ၃နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်ကို ဖေဖေါ်ဝါရီ ၉ရက် သောကြာနေ့က နာရီ ၆၀ ကြာအချိန်ယူပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

မကြာသေးမီရက်သတ္တပတ်ထဲမှာလည်း ဒါဗာအိုး ဒေ အိုးရို့ မှာ မိုးသည်းထန်ပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့သေးတဘ်လို့ သိရကြောင်းပါ။

Ref: Reuters

ပုံစာငလျင်လှုပ်ခတ်ရာပြမြေပုံ

Feature Image credit: German Research Centre for Geosciences)

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *