ဖိလစ်ပိုင်နိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား (၂၁)ယောက်ကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်

အွန်လိုင်းဂိမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့  စည်းရုံးခံခဲ့ရတာဖြစ်

မနီလာ၊ ဖေဖေါ်ဝါရီ ၁၅

ဖိလစ်ပိုင်နိုင်ငံမှာ လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား (၂၁)ယောက်ကို မြန်မာနိုင်ငံ ပြန်လည်ပို့ဆောင်ပေးမယ်လို့ ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့က မြန်မာသံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အွန်လိုင်းဂိမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ စည်းရုံးခံခဲ့ရပြီးနောက် လူကုန်ကူး ခံခဲ့ရကာ လုပ်ငန်းခွင်မှာအဓမ္မခိုင်းစေမှုတွေ့ကြုံခဲ့ရတာကြောင့် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ကနေ ကယ်တင်ပေးခဲ့တာပါ။

လူကုန်ကူးခံခဲ့ရတဲ့သူတွေ နေရပ်ပြန်နိုင်စေဖို့အတွက် မြန်မာသံရုံးအနေနဲ့ ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီး ဌာန အောက်ရှိ Inter-Agency Council Against Trafficking (IACAT)ဌာန အပါအဝင် သက်ဆိုင်ရာဌာနတွေ၊ International Organization for Migration (IOM) ၊ International Justice Mission တို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

လူကုန်ကူးခံခဲ့ရတဲ့သူတွေထဲက မြန်မာနိုင်ငံသား(၄)ယောက်ကို မနီလာမြို့၊ နီနွိုင်းအကွီနို အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ မြန်မာသံရုံးနဲ့စစ်သံရုံး တာဝန်ရှိသူတွေက ပထမအသုတ်အနေနဲ့ ဖေဖော်ဝါရီလ၁၅ရက်မှာ မြန်မာနိုင်ငံ ကို ပြန်လည်ပို့ ဆောင် ပေးခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံသာ(၁၇)ယောက်ကိုလည်း မြန်မာနိုင်ငံကို အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးဖို့အတွက် မြန်မာသံရုံးက သက်ဆိုင်ရာဌာနတွေနဲ့ဆက်လက်ညှိနှိုင်းစီစဉ်ဆောင်ရွက်နေတယ်လို့ိိလည်း သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *