ဖိလစ်ပိုင်က မီးတောင်တစ်ခု ပြာတွေမှုတ်နေလို့ မြို့ကြီး ငါးမြို့မှာ ကျောင်းတွေပိတ်ထားသလို လူတွေလည်း အပြင် မထွက်ဖို့ အစိုးရက သတိပေးချက်ထုတ်

မနီလာ၊ စက်တင်ဘာ ၂၂

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာနဲ့မဝေးတဲ့ နေရာတစ်ခုမှာရှိတဲ့ မီးတောင်တစ်ခုက ပြာတွေမှုတ်နေလို့ ပတ်ဝန်းကျင်မှာ ဆာလ ဖာဒိုင်အောက်ဆိုဒ်ပါတဲ့ မီးခိုးမြူတွေ ပျံ့လွင့်နေပါတယ်။ ဒိအတွက်  စက်တင်ဘာ ၂၂ ရက် သောကြာနေ့ကစ အာဏာပိုင် တွေ က မြို့ကြီးငါးမြို့က  ဒါဇင်နဲ့ချီတဲ့ ကျောင်းတွေကို ပိတ်ထားရသလို  လူတွေကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ သတိပေး တိုက်တွန်းထားတယ်လို့ သိရပါတယ်။

 မြို့တော် မနီလာအပါအဝင်  အနီးနားပြည်နယ်တွေဆီကိုပါ  မီးခိုးမြူတွေ ပျံ့လွင့်နေတာမို့ တာဝန်ရှိသူတွေက ဒေသဆိုင်ရာ ကျန်းမာရေးသတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

ပြည်နယ်မီးတောင်နဲ့  မြေငလျင်ဗေဒဌာနက အဆိုပါ  တာအယ်လို့ အမည်ပေးထားတဲ့မီးတောင်ဟာ မီးတောင် ချော်ရည် တွေ ထုထည် ထူထပ်လာတာကို တွေ့ရှိခဲ့ပြီး မီးတောင်ကနေ ဓာတ်ငွေ့တွေထုတ်လွှတ်နေ တာကိုလည်း မကြာသေးတဲ့ ရက်ကစပြီး သတိထားမိတဲ့အကြောင်းပြောပါတယ်။

မီးတောင်ဟာ မနီလာမြို့  အနားက ဘန်တာဂတ်စ်ပြည်နယ်မှာ တည်ရှိပြီး ဖိလစ်ပိုင်နိုင်ငံက  မီးတောင် ၂၄ ခုအနက် လှုပ်ရှား မှု့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၀၀ခုနှစ် ဇန်နဝါရီ တုန်းကလည်း ပြာနဲ့ အငွေ့တွေ  လွှင့်ထုတ်ခဲ့လို့ လူပေါင်းတစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း ခဲ့ရပြီး မနီလာမြို့အထိ ပြာတွေ ထူထူထဲထဲ ကျလာလို့ လေယာဉ်ခရီးစဥ် ဒါဇင်များစွာကို လည်းဖျက်သိမ်းခဲ့ရပါတယ်။

မီးတောင်က ထွက်တဲ့ အငွေ့တွေထဲမှာ  ဆာလဖာ အစရှိတဲ့အမှုန်အမွှားတွေ ပါဝင်တာမို့ မျက်လုံး၊ လည်ချောင်းနဲ့ အသက် ရှူလမ်းကြောင်းကို ယားယံစေတဲ့ ဝေဒနာကို ခံစားရစေပါတယ်။

“ရုတ်တရက် ပေါက်ကွဲခဲ့ရင် ကောင်းကင်ထဲ လွင့်စင်လာတဲ့ အပိုင်းအစတွေက လေယာဉ်တွေကို  အန္တရာယ် ဖြစ်စေနိုင် တာမို့ လေကြောင်း အာဏာပိုင်တွေက  လေယာဉ်မှူး တွေကို အထူးသတိပေးထားတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ မီးတောင်လှုပ်ရှားမှုတွေနဲ့  ငလျင်တွေ မကြာခဏလှုပ်ခတ်လေ့ရှိတဲ့  ပစိဖိတ်ဒေသမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

Ref: Reuters/cm

ပုံစာအညွှန်းမြိုရဲ့ကောင်းကင်ယံကို ဖုံးလွှမ်းနေတဲ့ မီးတောင်အငွေ့များ

Feature Image Credit: X/Metropolitan Manila Development Authority

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *