ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ပိုင်း မနီလာမြို့ တော်ရဲ့ အရှေ့တောင်ဖက် ၂၀၅မိုင် လောက်ကွာဝေးတဲ့ လူဇွန်ကျွန်းပေါ်က ကမ္ဘာ့အလှုပ်ရှားအသက်အဝင်ဆုံး မာယွန်မီးတောင်ကြီး ဇွန် ၁၁ရက် ညပိုင်းမှာ စတင်ပေါက်ကွဲခဲ့ပါတယ်။
မီးတောင်ကြီးရဲ့ ပတ်ပတ်လည် ၃ဒသမ ၇မိုင်အကွာမှာ ဘေးအန္တရာယ် ရှိနိုင် တဲ့အတွက် အဲဒီထက်ဝေးတဲ့ နေရာရောက် အောင်သွားပြီး ရှောင်တိမ်းနေထိုင်ကြဖို့ဒေသဆိုင်ရာအာဏာပိုင်တွေက ကြိုတင် သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်တယ်။ ပေါက်ကွဲချိန်မှာ မြေအောက်ကျောက်လွှာ တွေ ပွတ်တိုက်ကြရာကနေ ငလျင်ငယ် ၁၁ ကြိမ်ထက်မနည်း လှုပ်ရှားခဲ့ပါသေးတယ်။
အနီးပတ်ဝန်းကျင် အယ်လ်ဘေးပြည်နယ် ထဲကို မီး တောင်ဘေးသင့်ဒေသခံ အတော် များများ ပြောင်းရွှေ့သွားကြပါတယ်။ သက်ဆိုင်ရာဒေသအစိုးရအဖွဲ့အစည်းတွေကလည်း သူတို့ ပြောင်းရွှေ့နိုင်ဖို့ ကူညီပေးခဲ့ တယ်။ အများစုက လယ်သမားတွေဆိုတော့ သူတို့မွေးထားတဲ့ ကျွဲ၊နွား၊ သိုးဆိတ်တွေကိုပါ အတူခေါ်ဆောင်ပြီး ရွှေ့ပြောင်းခဲ့ကြပါ တယ်။
ညအမှာင်ထုထဲမှာ နီရဲနေတဲ့ မီးတောင်ဝ ကနေ အလျှံတညီးညီးတောက်လောင်နေတဲ့ ချော်ရည်ပူတွေ တောင်စောင်း တလျောက် တလိမ့်လိမ့် ကျလာတာအဝေးနေမြင်ရပြီး တချို့က ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင် ခဲ့ကြတယ်။
မာယွန်မီးတောင်ကြီး လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် တုန်းက ပြာမှုန့်တွေ တလိပ်လိပ် တက်ပြီး နောက်ဆုံးပေါက်ကွဲခဲ့တယ်။ အဲဒီတုန်းက အနီးပတ်ဝန်းကျင်က ရွာသူရွာသားတွေ ထောင်နဲ့ချီပြီးတော့ ဘေးလွတ်ရာ ပြေးခဲ့ရ ပါတယ်။
Ref: CNN