မနီလာ၊ စက်တင်ဘာ ၅
တရုတ်ရာဇ၀တ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံကို အရှက်ရစေတဲ့ အသက် ၃၄နှစ်အရွယ် မြို့တော်ဝန်အမျိုးသမီးဟာ အင်ဒိုနီးရှားကို ရက်သတ္တပတ်အတော်ကြာ ထွက်ပြေးပြီးတဲ့နောက် ဖမ်းဆီးမိပြီ ဆိုတဲ့ အကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက စက်တင်ဘာ ၄ရက် ဗုဒ္ဓဟူးနေ့ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်ဆီမှာ တရုတ်အမျိုးသား ဂူဟွာပင်း ဆိုပြီး နာမည်အတု သုံးထားတဲ့ မြို့တော်ဝန် အဲလစ်စ် လီအယ် ဂူရဲ့ ဇာတိမြိုမှာ ဝန်ထမ်းအင်အားလူရာပေါင်းများစွာနဲ့ ဖွဲထားတဲ့ ငွေလိမ်ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲက ဝင်ရောက် ဖမ်းဆီးမိရာက နောက်ကွယ်မှာရှိနေတဲ့ မြို့တော်ဝန်ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ငွေလိမ်ဂိုဏ်ကို ဖြိုခွင်းခဲ့တဲ့သတင်းကြားကြားချင်းမှာပဲ အဲလစ်စ် တစ်ယောက် ဗင်ကားနဲ့ စက်လှေငယ်တွေသုံးပြီး နိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့ပါတယ်။
ဒိနောက်တော့ ရက်သတ္တပတ်နှစ်ပတ်အကြာ အင်ဒိုနီးရှားနိုင်ငံရဲ့ ကူညီမှုနဲ့ သူ့ကို ပြန်ဖမ်းမိခဲ့ပါတယ်။
အခုတော့ သူဟာ နှစ်နှစ်ထဲမှာ သန်းပေါင်းများစွာ ဘယ်လို ကြွယ်ဝလာသလဲ ဆိုတာ ရုံးတော်မှာ စစ်ဆေးခံရတော့မှာပါ။
ဒါတွေအပြင် သူဟာ တရုတ်ငွေလိမ်ဂိုဏ်းတွေနဲ့ အမှန်တကယ်ပဲ ပတ်သက်နေသလားဆိုတာ ကိုလည်း စစ်မေးခံရတော့မှာ ဖြစ်ပါတယ်။
Ref: CNN
ပုံစာ။ ၂၀၂၄ မေလက လွတ်တော်အစည်းအဝေးတက်နေတဲ့ မြို့တော်ဝန် အဲလစ်စ် ကိုတွေ့ရပုံ
Feature Image credit: Office of Senator Risa Hontiveros



