စာသင်ကျောင်းပေါင်း ထောင်နှင့်ချီ ပိတ်ထား
မနီလာ၊ ဧပြီ ၂၉
ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းထန်လွန်းတဲ့ အပူရှိန်ကြောင့် နိုင်ငံတစ်ဝန်းက ကျောင်တွေမှာ တက်နေကြတဲ့ ကျောင်းသူကျောင်းသားတွေ အားလုံး ပြင်းထန်တဲ့ အပူရှိန်ကို ခံစားနေကြရပါတယ်။ အကျိုးဆက်ကတော့ ပညာရေးကို နှောင့်နှေးစေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
အလားတူ လယ်ယာထွက်ကုန်ထုတ်လုပ်မှုကိုလည်း အနှောက်အယှက်ဖြစ်စေသလို ရေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်တဲ့ လုပ်ငန်းတွေကိုလည်း ထိခိုက်နေတယ်လို့ သိရပါတယ်။
အခုကာလဟာ ဖိလစ်ပိုင်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပညာရေးအဆင့်ကို လိုက်မီဖို့ ကြိုးစားနေတဲ့ အချိန်လည်း ဖြစ်တာမို့ ထိခိုက်ဆုံးရှုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
အယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် မတ်လကနေ မေလ အထိ နိုင်ငံတစ်ဝန်း အပူရှိန် ပိုပြင်းထန်လာပြီး ဖိလစ်ပိုင်နိုင်ငံအနှံ အပူအညွှန်းကိန်းဟာ ၅၀ ဒီဂရီစင်တီဂရိတ်ကို ရောက်နေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်တဲ့ အလေ့အထတွေမှာ အနိမ့်ဆုံးစာရင်းထဲ ပါဝင်နေတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အကြောင်းတစ်ချက်အနေနဲ့က ကိုဗစ်ကပ်ရောဂါကာလမှာ နှစ်အတန်ကြာ အဝေးကနေသာ သင်ယူခဲ့ရသလို သင်ကြားမှုကလည်း မလုံလောက် ခဲ့တဲ့ အချက်တစ်ချက် လည်း ပါတယ်လို့ သိရပါတယ်။
“အခု အရမ်းပူတယ်။ အပူက ကျွန်မ အရေပြားကိုတောင် လောင်ကျွမ်းစေတယ်” လို့ ကိုဗစ်-၁၉ ကာလတစ်လျှောက် ပညာရေး ရပ်ဆိုင်းခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် အထက်တန်းကျောင်းသူ ကတ် မာဟူဆေးက ပြောပါတယ်။
အပူချိန်ကြောင့် စာသင်ကျောင်းပေါင်း ထောင်နှင့်ချီ ပိတ်ထားရပြီး ကျောင်းသား ၃ဒသမ၆ သန်းကျော်ကို ထိခိုက်ခဲ့ရတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေ ကနေ သိရပါတယ်။
Ref: Reuters
ပုံစာ။ အပူဒဏ်ခံနေရတဲ့ ကျောင်းသားလေးများ
Feature Image Credit: france 24



