ဖားကန့်မှာ မြေစာပုံပြိုကျတဲ့အတွက် လူ၃၀ ဦးထက်မနည်း ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ်၊မနကျေးရွာအနီးရှိ ကျောက်စိမ်း သစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အ တွင်းမှှာသြဂုတ် ၁၃ ရက် ညနေ၃နာရီက မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ၃၀ဦးထက် မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါ တယ်။

“ဖားကန့်မှာက ခုရက်ပိုင်းမှာ မိုးရွာ တာများတယ်။မြေစာပုံပြိုတဲ့အချိန်ကတော့ မိုးမရွာဘူး။မြေစာပုံကရုတ်တရက်ပြိုကျတဲ့အခါ မြေစာပုံရဲ့ အောက်မှာရှိနေတဲ့ရေက လှိုင်းလုံးကြီးတွေလိုဖြစ်သွားပြီး အောက် ခြေက ရေမဆေးရှာနေတဲ့လူတွေကို လှိုင်း နဲ့အတူဆွဲသွားခဲ့တာပါ´´လို့ဒေသခံတစ်ဦးကပြောပါတယ်။

နယ်မြေတာဝန်ရှိသူသူများက မြေစာပုံပြို ကျမှုကြောင့်ပျောက်ဆုံးသွားတဲ့သူစာရင်းပြုစုနေပြီး နောက်ဆုံးကောက်ယူထားတဲ့စာ ရင်းများအရပျောက်ဆုံးသူအရေအတွက်ဟာ လူ၃၀ထက်မနည်းရှိနေပြီး ပျောက် ဆုံးနေသူအရေအတွက် ထပ်မံတိုးလာနိုင် ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ မကြာခဏဆိုသလို မြေ စာပုံပြိုကျမှုတွေဖြစ်ပေါ်လေ့ရှိပြီး ၂၀၂၀ ခုနှစ်အတွင်းက ဝှေခါမှော်ကျောက် စိမ်းလုပ်ကွက်မှာ မြေစာပုံပြိုကျမှုကြောင့် လူပေါင်း၁၇၀ကျော်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *