ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊မက်လင်ချောင်ကျေးရွာမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အောက်တို ညာလ၂၃ရက်ညက ပုပ်သိုးနေတဲ့ အမျိုး သားတစ်ဦးရုပ်အလောင်းတွ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးနေသူမှာ ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊မက်လင်ချောင်ကျေးရွာနေ ပစ္စည်းများအပေါင်ခံတဲ့လုပ်ငန်းလုပ်ကိုင်သူ အသက်၃၇နစ်အရွယ်ကိုဝင်းမိုးဦးဆိုသူဖြစ်ပြီး ဓါး ဒဏ်ရာများနဲ့သေဆုံးနေတာဖြစ်ပြီး သေဆုံးနေတာဟာ ၄ရက်လောက်ရှိပြီလိုလည်း သိရပါတယ်။

“ဘယ်နေရာ အသတ်ခံထားရတာလဲတော့ မသိဘူး။သူနေတဲ့ အိမ်ထဲက အပုပ်နံ့တေ့ထွက်နေလို့ ရပ်ကွက်လူ ကြီးတွေခေါ်ပြီး အိမ်တံခါးသော့ဖျက်လိုက်တဲ့အခါ ဓါးဒဏ်ရာတွေနဲ့ သေနေတာကို တွေ့ရပြီး အလောင်းကလည်း ပုပ်ပွနေပြီး သေနေတဲ့သူဆီမှာ အပေါင်ခံထားတဲ့ ဆိုင်ကယ်တွေနဲ့ဖုန်းတွေ ပျောက်နေပြီး နေအိမ်ထဲမှာ ဆိုင်ကယ်အချို့နဲ့ ကျောက်စိမ်းအရိုင်းတုံးတွေ တွေ့ခဲ့တယ်လို့ ပြောနေကြတာ ကြားမိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်ဖားကန့်မြို့နယ်ဟာ လူသတ်မှု၊ဓါးပြတိုက် မှု၊ခြိမ်းခြောက်ငွေတောင်းမှုနဲ့လုယက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။