ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဝှေခါ ကျေးရွာ၊RC ဆုတောင်းတောင်ကုန်း အနီးမှာ သြဂုတ်လ(၁၁)နေ့ မွန်းလွဲပိုင်းက ဓားဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အသက် ၂၀ကျော်အရွယ်အမျိုးသမီးတစ်ဦးရဲ့ ရုပ် အလောင်းကို တွေ့ ရှိခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
“အလောင်းကို ကြည့်ရတာကတော့ သေ ဆုံးသွားသူဟာ လူသတ်ပြီး ပစ္စည်းပါ လုယက်ခံရတဲ့ပုံပါ။အဓမ္မကျင့်ခံရတဲ့ပုံစံလည်း ရှိနေပေမယ့် ဆေးစစ်ပြီးမှ အတိ အကျသိရမှာပါ´´လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ သြဂုတ်လ(၁၁)နေ့ မွန်းလွဲ ပိုင်းက ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ RC ဆုတောင်းတောင်ကုန်းအနီးမှာ အ သက်၂၀ကျော်အရွယ် အမျိုးသမီးတစ်ဦး ရဲ႕ ရုပ်အလောင်းအား တွေ့ရှိရသဖြင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသူမှာ ဝှေခါကျေးရွာအုပ်စု ဂျမ်ဂါရွာနေအသက်၂၂နှစ်အရွယ်ရှိ မကေသွယ်ဦးဆိုသူဖြစ်ပြီး လည်ပင်း အ ထက် ညာဘက်နှင့် ဘယ်ဘက်တို့တွင် ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေပြီးသေ ဆုံးနေသူဝတ်ဆင်ထားသည့် လက်ဝတ် ရတနာများလည်း ပျောက်ဆုံးနေတယ်လို့သိရပါတယ်။