ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝန်းရပ်ကွက်မှာ စက်တင်ဘာလ၁၅ရက်မနက်၁၀နာရီက “ဧရာမြင့်မိုရ်” ဆိုင်ကယ်ပစ္စည်းနဲ့ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးညီညီလွင်ဟာ ဆိုင်ကို အပြင်ကနေ ကားနဲ့ပြန်ရောက်လာချိန်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေနတ်နဲ့ပစ်ခံရသူ ဦးညီညီလွင်ဟာ ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှှိခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။