ဖလော်ရီဒါပြည်နယ်က ဒေါက်တာဂျိုးဇက် ဒီတူရီ ရေအောက်မှာ ရက်၁၀၀ နေထိုင်ပြီး ရေပေါ်ပြန်တက်လာ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည် နယ်က ဖလော်ရီဒါတောင်ပိုင်းတက္ကသိုလ် ဇီဝဆေးဝါးဌာနပါမောက္ခ ရေငုတ်ဝါသနာရှင် ဆေးဖက်ဆိုင်ရာသုတေသီဒေါက်တာဂျိုးဇက် ဒီတူရီဟာ ရေအောက်မှာ ရက်၁၀၀ နေထိုင်ပြီး အခုရေပေါ်ကို ပြန်တက်လာပြီး သူ့အိမ်သူရောက်နေပြီလို့ဆိုတယ်။ ကီးလာဂိုလို့ခေါ်တဲ့ ရေအိုင်ကြီးရဲ့ ကြမ်းပြင် မှာ ဆောက်လုပ်ထားတဲ့ မှန်လုံအိမ်ငယ် လေးထဲမှာ သူတစ်ယောက်တည်း နေထိုင် ပြီး ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့တာပါ။ အဲဒီရေ အောက်အိမ်လေးထဲမှာပဲ တင်နက်ဆီ ပြည် နယ်က ပါမောက္ခနှစ်ဦး ၂၀၁၄ခုနှစ်က ၇၃ ရက် ၂နာရီ ၃၄မိနစ် နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့စံချိန်ကို ဒီတူရီက ဇွန် ၉ရက်မှာ ချိုးလိုက်နိုင်တာဖြစ်ပါတယ်။

သူရေအောက်နေထိုင်တဲ့ကာလ ၇၄ရက် တင်းတင်းပြည့်တဲ့အချိန်မှာ ဂင်းနစ်ကမ္ဘာ့ စံချိန်အဖွဲ့က စံချိန်သစ်တင်သူအဖြစ် စာ ရင်းသွင်းမှတ်တမ်းတင်ခဲ့ပါတယ်။ အဏ္ဏဝါ ရင်းမြစ်များဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ရေ အောက်မှာရက်ပေါင်း(၁၀၀)တိတိနေထိုင်ခဲ့တဲ့ စံချိန်ရှင်အဖြစ် ပြောင်းလဲဖော်ပြဖို့ ဇွန် ၁၃ရက်က ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ကို စာရေးသားပေးပို့ပြီး အသိပေးခဲ့တယ်။

ကျွန်တော့်အနေနဲ့ စံချိန်တင်ချင်လို့ ရေအောက်မှာ အဲဒီလောက်ကြာအောင် နေခဲ့တာမဟုတ်ပါဘူး။ လူသားတွေ ရေ အောက်မှာဘယ်လောက်ကြာအောင်နေနိုင်မလဲ။ နေတာကြာလာရင် ဘာတွေ ပြောင်း လဲလာမလဲသိရအောင် စူးစမ်းလေ့လာခဲ့ တာပါလို့ ပါမောက္ခ ဒေါက်တာ ဂျိုးဇက် ဒီတူရီက ရှင်းပြတယ်။

Ref: CNN

Leave a Reply

Your email address will not be published. Required fields are marked *